အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2013

မူစယ်တွင် ဗုံးပေါက်ကွဲ၍ လူတစ်ယောက်သေ

ရှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ သစ်တောဦးစီးဌာနရုံး အနီးမှာ မေလ ၁၆ ရက်နေ့ မနေ့ညပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမည်မသိ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာဟာ လူသွားလူလာပြတ်တဲ့ နေရာဖြစ်တဲ့ အတွက် ဗုံးကြောင့် သေဆုံးသူဟာ သူကိုယ်တိုင် ဗုံးလာထောင်ရင်းနဲ့ မတော်တဆ ပေါက်ကွဲသွားတယ်လို့ တာဝန်ရှိသူတွေက ယူဆနေကြပါ...တယ်။ သေဆုံးသူဟာ လူလတ်ပိုင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှု ဒဏ်ရာများကြောင့် ဘယ်ဘက် ခြေလက်၊ မျက်နှာနဲ့ ဝမ်းဗိုက်ပွင့်ထွက်သွားတယ်လို့ သိရပါတယ်။

ထို့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း မိုးလုံလေလုံ အားကစားကွင်း အနီးမှာ ပေါက်ကွဲခြင်း မရှိသေးတဲ့ ဗုံးတစ်လုံးတွေ့ရှိရလို့ မနက် ၈ နာရီကျော်မှာ လုံခြုံရေး တာဝန်ရှိသူများက အလွယ်တကူပဲ လာရောက်ဖြုတ်ယူသွားကြတယ်လို့ သိရပါတယ်။

မိုးလုံလေလုံ အားကစားကွင်း အနီးမှာတော့ အရင်နှစ်တွေကလည်း လူသူထိခိုက်မိမရှိတဲ့ ဗုံးပေါက်ကွဲမှု အသေးစားလေးတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။

အစိုးရတပ်က RCSS/SSA တပ် အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မတာကို မေလ ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မူစယ်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ အမည်မသိ အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့တဲ့ ဗုံးကွဲမှုများ၊ လူသေဆုံးအောင် လက်နက်ငယ်များနဲ့ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ကော့လီမီဒီယာ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...