အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2013

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကို ဇနီး နှင့် ကလေး ကန့်သတ်ပြီ

ရခိုင်ပြည်နယ် မောင်းတော ခရိုင်အတွင်းရှိ ဘင်္ဂါလီလူမျိုးများ ၏ အိမ်ထောင်ပြုခြင်းကိစ္စနှင့် ကလေးမွေးဖွားနှုန်းကို ကန့်သတ် သည့် ညွှန်ကြားချက်ကို ဒေသန္တ ရအမိန့်အဖြစ် ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။

... မောင်းတောခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင် မှ ပြောကြားရာတွင် မောင်းတော ခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါ လီလူမျိုးများ အိမ်ထောင်ပြုခြင်း နှင့် ကလေးမွေးဖွားနှုန်းကို ကန့် သတ်ထိန်းချုပ်သည့် ညွှန်ကြား ချက်ကို ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီကျေးရွာများ တွင် လူဦးရေ အဆမတန်တိုးပွား နေသည်ဟုလည်း ကြားသိရသည်။

ဘင်္ဂါလီအိမ်ထောင်စုများတွင် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ၃၀ ကျော်ရှိနေသည်။ အချို့အိမ် ထောင်စုများတွင် လူဦးရေ ၇၀ ကျော်ပင်ရှိနေကြောင်းလည်း တွေ့ရှိခဲ့ရသည်ဟုဆိုပါသည်။ ခရိုင်ဦးစီးမှူးမှ ဆက်လက်ပြော ကြားရာတွင် ““ဒါကြောင့်လည်း ဘင်္ဂါလီအမျိုးသားတစ်ဦးကို ဇနီး မယားတစ်ယောက်နှင့်ကလေး နှစ်ယောက်သာယူရမယ်ဆိုတာ ကို ဒေသန်္တရအမိန့်အဖြစ် ထုတ် ပြန်စာဖြစ်ကြောင်းနှင့် ထုတ်ပြန် ထားသောအမိန့်ကို လိုက်နာမှု ရှိစေရန် အမြဲတမ်းရှောင်တခင် စစ်ဆေးမှုတွေပြုလုပ်နေကြောင်း”” ဆွဲ/တင်/စစ် ပြုလုပ်မည်ဖြစ် ကြောင်း၊ ဆွဲတင်စစ်ဆိုတာက လူဦးရေစစ်မယ့်ရွာကို မြေကြီး၊ မြေပုံဆွဲမယ်။ ရွာမှာရှိတဲ့ အိမ် ထောင်စုတွေကို ဓာတ်ပုံရိုက်ပြီး လူဦးရေကို မှတ်တမ်းတင်မယ်။

ဒီဓာတ်ပုံနဲ့ အိမ်ထောင်စုတစ်ခု ချင်းစီကို နောင်မှာ ပြန်စစ်ဆေး တဲ့အခါ ဘင်္ဂါလီအမျိုးသားတစ် ဦးက နောက်မိန်းမထပ်ယူထား တာတွေ့ရင် တရားမ၀င်ပေါင်း သင်းမှုနဲ့ အရေးယူပါမယ်။ ကလေးတွေတိုးလာရင် နောက် ထပ်တိုးလာတဲ့ကလေးတွေကို Black List သွင်းမယ်ဟု ခရိုင် လ၀ကမှူးက ပြောပြခဲ့သည်။

The Hot News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...