အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2013

လပွတ္တာတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲပြုလုပ်


အဖြူရောင်ဧရာဝတီ(လပွတ္တာ)လူင
ယ်များအဖွဲ့၏ လုပ်ဆောင်လှုပ်ရှားမှုနှင့် ဒုတိယအကြိမ် ဘာသာ ပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲအခမ်းအနားကို လပွတ္တာခရိုင်၊ လပွှတ္တာမြို့ ဓမ္မိကာရုံကျောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ရာ မြို့ပေါ်ရှိကျောင်းတိုက်(၄၂)ကျောင်းအနက် (၃၃)ကျောင်းမှ ဆရာတော်များတက်ရောက်ကြပြီး ခေါင်းတော်ကြီးကျောင်းဆရာတော်၊ ပရဟိတကျောင...်းဆရာတော်၊ ဓမ္မိကာရုံကျောင်းဆရာတော်တို့မှ အဖွင့်အမှာ စကားများပြောကြားကြပါသည်။

ထို့အပြင် လူမှုအဖွဲ့အစည်းများမှလူကြီးများဖြစ်ကြသော မြို့မိ/မြို့ဖ ဦးဝင်းမောင်၊ (ဒီ/ချုပ်)မှ ဦးစိန်သန်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ဦးဝင်းရွှေ၊ အဖြူရောင်ဧရာဝတီမှ ဦးရဲရင့်ဦးတို့က ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့မှုများကို ပြုလုပ်ကြပြီး ဘုန်းတော်ကြီးကျောင်း(၄၂)ကျောင်းအား တစ်ကျောင်းလျှင် ထိုင်ခုံ(၃)လုံး၊ စားပွဲ(၁)လုံးနှင့် မုန့်မျိုးစုံအား လှူဒါန်းခဲ့သည်ဟု သိရသည်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပရေးအဖွဲ့မှ တက်ရောက်ခဲ့သောအသင်းအဖွဲ့များကို အထိမ်းအမှတ်လက်ဆောင်များပြန်လည်ပေးအပ်ပြီး “လူသားအားလုံးငြိမ်းချမ်းကြပါစေ”ဟု သုံးကြိမ်ဆုတောင်း မေတ္တာပို့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။


ကိုကိုကြီး (ထန်းပင်ရေကျော်)
The Hot News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...