အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2013

ဒေါ်လာဈေး မြင့်တက်၍ စက်သုံးဆီများ ဈေးနှုန်း မြင့်တက်လာ

မေလဆန်းမှ စတင်၍ ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ဓါတ်ဆီ၊ ဒီဇယ်နှင့်အောက်တိန်းဆီ ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း စက်သုံးဆီ တင်သွင်းသူများထံမှ သိရသည်။
“ဒီရက်ထဲမှာ ဒီဇယ် ၁ ပီပါကို ၁၇၀,၂၀၀ ကျပ်အထိ ဖြစ်လာတယ်။ အောက်တိန်း(အဆင့်မြင့် ဓါတ်ဆီ) က ၁ ဂါလန်ကို ၃၀ ကျပ်လောက် ဈေးတက်လာတယ်။ လက်ကား ဖြန့်ဈေးအနေနဲ့ ၁ ဂါလန်ကို ကျပ် ၃,၆၀၀ ကျပ် ရှိတယ်” ဟု ပုဂ္ဂလိက စက်သုံးဆီဆိုင်များသို့ လက်ကား ဖြန့်ချိနေသည့် ယူနိုက်တက်ဂရု ထရေးဒင်းမှ တာဝန်ရှိသူတဦးဖြစ်သော ဒေါက်တာစိုးထွန်း က ပြောသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဓါတ်ဆီမှာ စွမ်းအင်ဝန်ကြီးဌာနမှ အစိုးရ သတ်မှတ်ဈေးနှုန်းအတိုင်း ထုတ်ယူရောင်းချရ၍ ပုဂ္ဂလိက ဓါတ်ဆီဈေးမှာ ဈေးနှုန်း တည်ငြိမ်လျက် ရှိသည်။

“အပြင် ဈေးကွက်မှာတော့ ဓါတ်ဆီဈေးက တက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဓါတ်ဆီ ၁ ပီပါကို ကျပ် ၂၁၀,၀၀၀ ပါ။ ဒီအပတ်မှာတော့ ဓါတ်ဆီ ၁ ပီပါကို ကျပ် ၂၂၅,၀၀၀ အထိ တက်လာပါတယ်” ဟု ပြင်ပ စက်သုံးဆီဈေးကွက်မှ ဝယ်ရောင်း ဦးပဲ က ပြောကြားသည်။

အပြင်ဈေးကွက်တွင် တဂါလန်ချင်း လက်လီရောင်းဈေးမှာ ဓါတ်ဆီ ၄,၂၀၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိပြီး ကျပ် ၄,၅၀၀ ဖြင့် ရောင်းချလျက်ရှိသည်။ ဒီဇယ်ဝယ်ဈေးမှာ ၃,၂၀၀ ကျပ်ဖြစ်ပြီး ၃,၅၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။

“မန္တလေး ပြင်ပ စက်သုံးဆီဈေးကွက်မှာ လက်လီဈေးအနေနဲ့ ပြီးခဲ့တဲ့ အပတ်ကထက် ဈေးတက်လာပါတယ်။ ဓါတ်ဆီက ၁ ဂါလန်ကို ပြီးခဲ့တဲ့အပတ်ကထက် ၁၀၀ ကျပ် တက်တယ်။ ဒီဇယ်လည်း ၁၀၀ ကျပ် တက်လာတယ်” ဟု စက်သုံးဆီ ရောင်းချသည့် လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်အေးသူ က ပြောကြားသည်။

စက်သုံးဆီများကို ပင်လယ်ရေကြောင်း မှတဆင့် ပြည်ပမှ တင်သွင်းရာတွင် ဓါတ်ဆီ၊ ဒီဇယ် တန်ချိန် ၆၀,၀၀၀ ကျော် တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Mizzima News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...