အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2013

အသက်မွေးဝမ်းကျောင်းပညာနဲ့ မော်ဒယ်သင်တန်း

ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ ကမ္ဘာကြီးမှာ ဖျော်ဖြေရေးဆိုင်ရာ အနုပညာတွေဟာ အသက်မွေးဝမ်းကျောင်းအနုပညာတစ်ရပ်အနေနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် အသုံးချနိုင်ခွင့်ရှိလာတာတွေ့ရပါတယ်။ နိုင်ငံတကာ အထိ ကျယ်ပြန့်စွာထိုးဖောက်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ပြည်တွင်း မှာ လည်း ဖျော်ဖြေရေးကဏ္ဍတွေမှာမပါရင်မပြီးသလို ဖြစ်နေတာကတော့ မော်ဒယ်လောကပါပဲဖြစ်ပါတယ်။ စင်တင်ဖျော်ဖြေရေးတွေ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲတွေရဲ့ အခမ်းအနားတွေမှာ မော်ဒယ်လောကဟာ အဓိကပုံရိပ်တစ်ခု လိုဖြစ်နေပါတယ်။ဒါကြောင့် မော်ဒယ်လောက ခေတ်ဦးရဲ့ ပုံရိပ်ရှင် တစ်ဦးလည်းဖြစ်၊ စံပြမော်ဒယ်လေးတွေ ကိုလည်း မွေးထုတ်ပေး သူလည်းဖြစ်သူ တင်မိုးလွင်က ” ၁၉၉၄ လောက်မှာ မမိုးရဲ့အိမ်မှာပဲ မမိုးနာမည်နဲ့ မော်ဒယ်သင်တန်းဖွင့်တယ်။ ၁၉၉၆- ၉၇ မှာ တော့ Talents & Models ကိုစဖွင့်တယ်။ အခု မမိုးမော်ဒယ်သင်တန်း ဖွင့်ခဲ့တာအနှစ်၂ဝလောက်ရှိပြီ။ မမိုးရဲ့ ရည်ရွယ်ချက်က မမိုးသိတဲ့ ပညာ၊ တတ်တဲ့ပညာအပြင် ဆက်ဆံမှု၊ ပတ်ဝန်းကျင်သဘောထား၊ လူများအလယ်မှာ အောင်အောင်မြင်မြင်ရပ်တည်နိုင်ဖို့ အဲဒါ တွေကို ပြန်ပြီးလက်ဆင့်ကမ်းချင်တဲ့ ရည်ရွယ်ချက်နဲ့ စလုပ်တာပါ။ နိုင်ငံကိုယ်စားပြုတယ်ဆိုတာ အားကစား ထူးချွန်မှုအပြင် Miss  ဆိုတာလည်း ဖြစ်နိုင်တယ်ဆိုတာကို သိသလောက်၊တတ်သလောက် ပြန်ပြီး မမိုးသင်ပေးတယ်။ နိုင်ငံတကာ သင်တန်းကြေးက တအား များတော့ မော်ဒယ်ကို ဝါသနာပါတဲ့ ကလေးတွေကလည်း လူတန်းစားအမျိုးမျိုးကဖြစ်နိုင်တယ်ဆိုတော့ မဖြစ်စလောက် သင်တန်းကြေးနဲ့ မမိုးလုပ်တာပါ။ မမိုးတို့ သင်တန်းကပေးတဲ့ အောင်လက်မှတ်ဆိုလည်း ဘယ်နေရာမှာပြပြ အသုံးဝင်ပါတယ်။ ဒီသင်တန်းက တကယ်ဝါသနာပါပြီး တကယ်လုပ်တဲ့ကလေးတွေကတော့ တတ်လာတာပဲ။  ကိုယ့်ကိုယ်မှာရှိတဲ့ အရည်အသွေးတွေတောက်ပလာအောင် ဘာတွေလုပ်သင့်လဲဆိုတာ မမိုးတို့ သိသလောက် သင်ပေးပါတယ်” လို့ ပြောပြခဲ့ပါတယ်။

By Popular Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...