မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း စတဲ့ နေရာတွေကို တိုက်ခတ်မယ်လို့ ကြိုတင်ခန့်မှန်းခံထားရတဲ့ မဟာစင် ဆိုင်ကလုံး မုန်းတိုင်းကတော့ အခုဆို မြန်မာနိုင်ငံဘက်မှာ သာမန် လေပြင်းတိုက်တာ၊ မိုးကြီး တာတွေ ဖြစ်ကာ အစိမ်းရောင်ပြောင်းပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ၀င်တိုက်ပြီး အားပျော့သွားခဲ့ပါပြီ။
မုန်တိုင်းမလာခင် အစိုးရနဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ၊ ဒေသခံတွေရဲ့ ကြိုတင်ပြင်ဆင်မှုကတော့ နာဂစ်တုန်းကနဲ့ မတူ အတော်အားစိုက်ပြင်ဆင်ခဲ့တာဟ
"ရခိုင်ပြည်နယ်အတွင်း လေပြင်းတိုက်ကာ မိုးရွာသွန်းမှု အခြေအနေသာဖြစ်ပေါ်ခဲ့ပြီး တစုံတရာ ထိခိုက် ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း၊ လူ၊ တိရိစ္ဆာန် သေဆုံး၊ ပျောက်ဆုံး၊ ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရထံမှ သတင်းရရှိ" လို့ ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
အခု တော့ မုန်တိုင်းရန်က ကင်းဝေးသွားခဲ့ရပြီး မုန်တိုင်းကြောင့် ထိခိုက်၊ သေကြေမှုလည်း မရှိခဲ့ပါ ဘူး။ လေပြင်းဒဏ်ခံလိုက်ရလို့ နည်းနည်းပါးပါး ပျက်ဆီးသွားတာကလွဲပြီး ကျန်တဲ့ ကြီးကြီး မားမား ဆုံးရှုံးမှုတွေ မရှိခဲ့ဘူး။ ဒီအတွက် မုန်တိုင်းသတင်းကိုပဲ နားစွင့်ရင်း သတိချပ်နေရသူတွေ သက်ပြင်း ချနိုင်ခဲ့ပါပြီ။
မုန်တိုင်းရန် ရှောင်တိမ်းရင်း ပြန်လည်ရောက်လာသူတွေလည်း နေရပ်တွေကို ပြန်လာကြပြီဖြစ်ပါတယ်။
ဧရာဝတီ