အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2013

မဟာစင်ကြောင့် ထိခိုက်ပျက်စီးမှု ခန့်မှန်းထားသည်ထက် များစွာသက်သာ

ဘင်္ဂလားဒေ့ရှ်တွင် ကြာသပတေးနေ့က ကုန်းတွင်းဝင်ရောက်ကာ အားပျော့ ပျက်ပြယ်သွားသည့် မုန်တိုင်းကြီး၏ ဒဏ်ကို မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ဒေသများတွင်လည်း ခံစားခဲ့ရသေးသည်။
မဟာစင် ဆိုင်ကလုန်း မုန်တိုင်းကြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ထိခိုက် ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့သည့်တိုင်မူလ ခန့်မှန်းစိုးရိမ်ခဲ့သည်ထက် များစွာသက်သာရာ ရခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်တွင် ကြာသပတေးနေ့က ကုန်းတွင်းဝင်ရောက်ကာ အားပျော့ ပျက်ပြယ်သွားသည့် မုန်တိုင်းကြီး၏ ဒဏ်ကို မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ဒေသများတွင်လည်း ခံစားခဲ့ရသေးသည်။ မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းများ တိုက်ခတ်ခဲ့သည်နော့က် ဘင်္ဂလားဒေ့ရှ်တွင် သစ်ပင်လဲကျမှု၊ နံရံပြိုကျမှုများကြောင့် လူ(၁၄)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံ၏ စားနပ်ရိက္ခာနှင့် ကပ်ဘေး ထိန်းချုပ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကျွမ်းကျင်သူများက ဘင်္ဂလား ပင်လယ်အော် ရပ်ဝန်းတွင် တည်ရှိသည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများအတွက် မျှော်လင့်ထားသလောက် မုန်တိုင်း၏ ဖျက်ဆီးအားက မဆိုးရွားခဲ့သည်မှာ သတင်းကောင်းဟု သုံးသပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ အနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရသည့်နောက် ပြီးခဲ့သည့် နှစ်ပိုင်းများတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမို တိုးတက် ကောင်းမွန်လာခြင်းသည် အဓိက အားသာချက် တစ်ခု ဖြစ်ခဲ့ကြောင်း Wall Street Journalက သုံးသပ် ရေးသားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အနေနှင့်လည်း (၁၉၇၀)ပြည့်နှစ်က ဆိုင်ကလုန်းဘိုလာ ဒုက္ခပေးခဲ့သဖြင့် လူသန်းဝက်မျှ သေဆုံးခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း စီမံကိုင်တွယ်မှု ကဏ္ဍတွင် ပိုမိုတိကျ ထက်မြက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ဘက်နှင့် လုံခြုံရေးတပ်ဖွဲ့များက တနင်္လာနေ့မှ စတင်ကာ လေဘေးလွတ်ရာသို့ ဒေသခံများကို ရွှေ့ပြောင်းနေရာချမှု စတင်ခဲ့ပြီး လူပေါင်း (၁၆၀၀၀၀)ကျော်ကို အန္တရာယ်ကင်းမည့် နေရာများသို့ စနစ်တကျ ပို့ဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်နယ်ဘက်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း အခြေအနေ အချို့ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကူးပြောင်းနေထိုင်လာသည့် လူမျိုးစု အချို့သည် အာဏာပိုင်များ၏ တာဝန်ယူ ရွှေ့ပြောင်းပေးမှုကို သင်္ကာမကင်း ဖြစ်ခဲ့ပြီး လုပ်ငန်းအချို့ နှောင့်နှေးခဲ့ကြောင်း OCHA ပြောရေးဆိုခွင့်ရ အမျိုးသမီး ခရစ္စတန် မီလ်ဒရန်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင်မူ အာဏာပိုင်များက ထောင်နှင့် သောင်းနှင့်ချီသော ဒေသခံများကို ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့သည်။ အစိုးရ တာဝန်ရှိသူများနှင့်အတူ လေ့ကျင့်ပေးထားသည့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ မဟာစင် အားကောင်းစွာ မွှေနှောက်မလာနိုင်မီ ဒေသခံများကို ခေါ်ထုတ်နိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင် သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ခိုလှုံနိုင်မည့် ဆိုင်ကလုန်း ခိုလှုံရာ အဆောက်အအုံ (၃၀၀၀)ကျော် ရှိနှင့်ပြီး ဖြစ်ကာ (၂၀၀၇)ခုနှစ်က ဖြစ်ပွားသည့် ဆိုင်ကလုန်း ဆိုင်ဒါနှင့် (၂၀၀၉)ခုနှစ်က တိုက်ခတ်သည့် ဆိုင်ကလုန်း အိုင်လာတို့နောက်ပိုင်း အရေးပေါ် သတိပေး စနစ်များလည်း ပိုမို ကောင်းမွန်လာခဲ့သည်။ အဆိုပါ မုန်တိုင်းနှစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်တွင် လူပေါင်း (၄၃၀၀) သေဆုံးခဲ့ကြောင်းလည်း သိရှိရသည်။

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...