မကွေးမြို့နယ် ရွာသစ်ကျေးရွာနှင့် စစ်တိုးပင်
ကျေးရွာအနီး မိကျောင်းရဲ ဘက်ကမ်းနှင့် မလွန်ဘက်ကမ်း တို့ကို ဆက်သွယ်
တည်ဆောက်ခဲ့သော ဧရာဝတီ တံတား (မလွန်)ကို ဖွင့်လှစ်လိုက်ပြီ ဖြစ် သည်။
ဧရာဝတီမြစ်ကူး တံတားများ အနက် ဖွင့်လှစ် နိုင်ခဲ့သည့် ကားလမ်း၊ ရထားလမ်းပါ တံတား...ကြီး(၄)စင်း ရှိပြီး ဧရာဝတီတံတား (ညောင်တုန်း)၊ ဧရာဝတီ တံတား (ပခုက္ကူ)၊ ဧရာဝတီတံတား (စင်းခန်း)နှင့် ဧရာဝတီ တံတား (မလွန်)တို့ ဖြစ်ကြသည်။ ထို့ပြင် ဧရာဝတီ တံတား (ရတနာသိင်္ဃ)တွင်လည်း သံပေါင် တပ်ဆင်ခြင်း လုပ်ငန်းများ ပြီးစီးပြီ ဖြစ်ရာ မကြာမီ ဖွင့်လှစ် နိုင်တော့မည် ဖြစ်သည်။ ယခု ဧရာဝတီ တံတား (မလွန်)၏ သံမဏိ သံပေါင် ပင်မတံတား အရှည်မှာ ၃၂၁၅ ပေ၊ ချဉ်းကပ်တံတား အပါအဝင် ရထားလမ်း ၇၁၅၄ ပေနှင့် ကားလမ်း အရှည်ပေါင်း ၅၈၃၉ ပေဖြစ်သည်။