ချင်းတွင်းမြစ်ကြောင်းအတိုင်း
မုံရွာမြို့မှ နေ့စဉ်ပြေးဆွဲလျက်ရှိသော ခရီးသည်တင် အမြန်ရေယာဉ်များ သည်
လူစီးသီးသန့်ဖြစ်သော်လည်း ကုန်ပစ္စည်းများ တင်ဆောင်ပြေးဆွဲနေသည့်အတွက် ဆိပ်ကမ်းတာရိုးလမ်းများ တွင် ကုန်စည်များဖြင့် ပိတ်ဆို့နေကာ လမ်းသွားလမ်းလာများ အလွန်ခက်ခဲလျက်ရှိကြောင်...း သိရသည်။
မုံရွာမြို့မှ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း မြို့များသို့ ခရီးသည်သယ်ယူပို့ဆောင်ရေး အမြန်ရေယာဉ်များသည် ခရီးသည်တင် သီးသန့်ဖြစ်သော်လည်း ခရီးသည်များနှင့်အတူ ကုန်စည်များကိုပါ လက်ခံ တင်ဆောင်ပြေးဆွဲနေခြင်းဖြစ် သည်။
အမြန်ရေယာဉ်စီး ခရီးသွားလက်မှတ်များ ရောင်းချပေးသော အဆိုပါ ဂိတ် တဲများသည်
အများသူငှာ သွားလာလျက်ရှိသည့် ဆိပ်ကမ်းတာရိုးလမ်းကြီးပေါ်တွင် ကုန်ပစ္စည်းများအား လက်ခံ ကာစုပုံထားရှိသည့်အတွက် လမ်းသွားလမ်းလာများ အခက်အခဲဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
“ ဆိပ်ကမ်းတာရိုးပေါ်မှာ ဈေးမရောင်းရလို့ အမိန့်ထုတ်ထားပေမဲ့ လက်မှတ်ရောင်းတဲ့ ဂိတ်တဲတွေက လမ်းဧ ရိယာတစ်ဝက်နီးပါးကို နေရာယူထားတယ်။ နောက်ပြီး ခရီးသည်တင်ဆိုပြီး ကုန်တွေကိုပါလက်ခံပြန်တယ်။ သူတို့ လက်ခံတဲ့ ကုန်ပစ္စည်းတွေက စည်းမဲ့၊ ကမ်းမဲ့ လမ်းပေါ်မှာစုပုံချထားတာကြော င့် လမ်းသွားဖို့ အလွန်ခက် ခဲရတာပါ “ ဟု ခရီးသွားပြည်သူတစ်ဦးမှ ပြောပြသည်။
ချင်းတွင်းမြစ်ကြောင်းအတိုင်း အညာဒေသသို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအတွက် ကုန်တင်ရေယာဉ် ကြီးများပြေးဆွဲပေးလျက်ရှိရာ ခရီးသည်တင် အမြန်ရေယာဉ်များမှ ကုန်ပစ္စည်းများလက်ခံပြေးဆွဲ နေခြင်းသည်
ရေ ယာဉ်များလိုက်နာရမည့် စည်းကမ်းချက်များနှင့်လည်း လျော်ညီခြင်းမရှိသလို
ကုန်ပစ္စည်းများနှင့်အတူ စီးနင်းလိုက် ပါရသည့် ခရီးသည်များအတွက်လည်း
အသက်ဘေးအန္တရာယ် အလွန်များပြားလျက်ရှိကြောင်း သိရသည်။
“ ခရီးသည်တင်ရေယာဉ်တွေက ကုန်ပစ္စည်းတွေတင်ဆောင်ပြေးဆွဲခွင့်မရှိသလို၊ ကုန်တင်ရေယာဉ်တွေက လည်း ခရီးသည်တင်ဆောင်ပြေးဆွဲခွင့်  မရှိကျပါဘူး ..” ဟု မုံရွာခရိုင် ရေယာဉ်များကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောပြသည်။
မုံရွာမြို့တွင် ကုန်တင်ရေယာဉ်ကြီးများ ဆိပ်ကမ်းနှင့် ခရီးသည်တင် ရေယာဉ်ဆိပ်ကမ်း ဟူ၍ သီးခြားစီ သတ်မှတ်ပေးထားသော်လည်း ခရီးသည်တင်ရေယာဉ်ဆိပ်ကမ်းတွ င် ယင်းကဲသို့ ကုန်ပစ္စည်းများစုပုံချခြင်း ဖြစ် သည့်အတွက် ခရီးသွားများအတွက် လမ်းသွားလမ်းလာ ခက်ခဲနေရခြင်းဖြစ်သည်။
Monywa Times
မုံရွာမြို့မှ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း မြို့များသို့ ခရီးသည်သယ်ယူပို့ဆောင်ရေး အမြန်ရေယာဉ်များသည် ခရီးသည်တင် သီးသန့်ဖြစ်သော်လည်း ခရီးသည်များနှင့်အတူ ကုန်စည်များကိုပါ လက်ခံ တင်ဆောင်ပြေးဆွဲနေခြင်းဖြစ်
“ ဆိပ်ကမ်းတာရိုးပေါ်မှာ ဈေးမရောင်းရလို့ အမိန့်ထုတ်ထားပေမဲ့ လက်မှတ်ရောင်းတဲ့ ဂိတ်တဲတွေက လမ်းဧ ရိယာတစ်ဝက်နီးပါးကို နေရာယူထားတယ်။ နောက်ပြီး ခရီးသည်တင်ဆိုပြီး ကုန်တွေကိုပါလက်ခံပြန်တယ်။ သူတို့ လက်ခံတဲ့ ကုန်ပစ္စည်းတွေက စည်းမဲ့၊ ကမ်းမဲ့ လမ်းပေါ်မှာစုပုံချထားတာကြော
ချင်းတွင်းမြစ်ကြောင်းအတိုင
“ ခရီးသည်တင်ရေယာဉ်တွေက ကုန်ပစ္စည်းတွေတင်ဆောင်ပြေးဆ
မုံရွာမြို့တွင် ကုန်တင်ရေယာဉ်ကြီးများ ဆိပ်ကမ်းနှင့် ခရီးသည်တင် ရေယာဉ်ဆိပ်ကမ်း ဟူ၍ သီးခြားစီ သတ်မှတ်ပေးထားသော်လည်း ခရီးသည်တင်ရေယာဉ်ဆိပ်ကမ်းတွ
Monywa Times