ဆုတ်ခွာပေးရန် တောင်းဆိုမှုကို သဘောတူညီရန်ခက်ခဲကြောင်း
... ယခု လ ၆ ရက်နေ့က ပြောကြားသည်။
"ကျွန်တော်တို့ကို တကယ်ဆုတ်ခွာ ခိုင်းရင် ခွာစရာနေရာမရှိတော့ဘူး။ ဟိုဘက်ဆိုလည်းထိုင်းနဲ့နီးေ
မြိုင်ကြီးငူကနေ ထပ်ဆုတ်ရရင် တကယ့်လူမနေ ငှက်မနေတဲ့ နေရာရောက်
တော့မယ်" ဟု ဒီကေဘီအေမှ ဗိုလ်မှူးစောဆန်းအောင် က မေလ ၆ ရက်
နေ့တွင် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မြ၀တီရှိ ကရင်အမျိုးသားအစည်း
အရုံး(KNU) ၏ အခြေစိုက် စခန်း၌ ပြုလုပ်သည့်သတင်းစာရှင်းလင်
ပြောသည်။
အဆိုပါတောင်းဆိုမှုနှင့် ပတ်သက်၍ မြိုင်ကြီးငူဒေသအတွင်း လက်နက်ကိုင်
ဆောင်ကာ နေထိုင်နေကြခြင်းသည် မလိုလားအပ်သော ပဋိပက္ခများဖြစ်ပွား ရ၍ ဖြစ်သည်ဟူ၍လည်းကောင်း၊ အစိုးရဘက်မှ မြိုင်ကြီးငူဒေသအတွင်း
ရေအားလျှပ်စစ်စီမံကိန်းလုပ်
တိုင်းရင်း သား လက်နက်ကိုင်များ ထွက်သွားပေး ကြရန်ဟူ၍လည်းကောင်း
ပြောဆိုမှုများရှိနေသည်။
"ခမရ (၃၃၈) မှ စစ်ကြောင်းမှူး ဗိုလ်မှူး ထွန်းထွန်းဝင်းမှ မိမိတို့ထံ စာရေးသား ပေးပို့သည်။ ရောပို့နှင့် ကလူးထော စစ် ဆင်ရေးဒေသအတွင်း ဗမာစစ်အစိုးရမှ ရေအားလျှပ်စစ်စီမံကိန်းလုပ်
အတွက် ၎င်းဒေသ အတွင်း တရားမ၀င် လက်နက်ကိုင် အဖွဲ့ အစည်းများမနေ
ရန်၊ အဖွဲ့အစည်းများ ၂-၅-၂၀၁၃ ရက်မှ ၄-၅-၂၀၁၃ ရက် ၁၂ နာရီ နောက်
ဆုံးထားပြီး မဲ့ပါနှင့် မယ်ကချောဒေသဘက်သို့ ဆုတ်ခွာပေး ရန်"ဟု မေလ
၂ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်က ၀င်စာကိုပြသခဲ့သည်။
အဆိုပါနေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်ကလည်း တပ်ဖွဲ့များအား မြိုင်ကြီး ငူအ၀ ဘေးပတ်လည်တွင်မနေရန်၊ ကျုံပျော်ရေတံခွန်အထက်ဘက် ဝေးဝေး သို့ပြောင်းရွှေ့ရန်၊ တစ်ရက်နှစ်ရက်အတွင်းရွှေ့ပြေ
ပြီးပါက နယ်မြေရှင်းလင်းမည် ဖြစ်ကြောင်း တယ်လီဖုန်းဖြင့် အကြောင်း ကြားခဲ့သည်ဟု သိရသည်။
မြိုင်ကြီးငူဒေသအား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သော်လည်း ဧပြီလ ၂၇ ရက်နေ့တွင်နယ်ခြားစောင့်တပ်
အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ယခင် ဒီကေဘီအေအဖွဲ့ မှနေ၍ နယ်ခြား
စောင့်တပ်ဖွဲ့စည်းချိန်တွင်
ပြန်လည်ရောက်ရှိလာခဲ့ပြီး ဒီကေဘီအေအဖွဲ့မှ လက်နက်ကို ဆွဲယူကာ
နယ်ခြားစောင့်တပ်အား ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။
"ပစ်တဲ့လူကို စည်းကမ်းနဲ့အညီ အပ်လိုက်ပြီ။ ကျွန်တော်တို့ဘက်က လူက ပစ်တာလည်းမဟုတ်ဘူး။ ဒါပေမဲ့ အခု ဒီကေဘီအေကို မြိုင်ကြီးငူက ထွက်သွားခိုင်းနေတယ်။ မျှတရင်လက်ခံမယ်။ မြိုင်ကြီးငူမှာ ဒီကေဘီအေ မနေရဘူးဆို ရင် နယ်ခြားစောင့်တပ်လည်း မနေနဲ့။အဲဒီလိုဆို သဘော
တူတယ်" ဟု ဗိုလ်မှူး က ပြောသည်။