အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 May, 2013

မြန်မာနိုင်ငံလေယာဉ် အက်ဥပဒေအား ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်မည်

လွတ်လပ်ရေးမရမီ ၁၉၃၄ခုနှစ်ကပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေအား ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရန် နိုင်ငံတော်သမ္မတရုံး၏ သဘောတူ အတည်ပြုချက်ရယူပြီး ပြည်ထောင်စုအစိုးရရုံးသို့ တင်ပြသွားမည်ဖြစ် ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

... “ ဒီဥပဒေကိုခေတ်နဲ့ လိုက်လျော်ညီထွေမှုဖြစ်စေဖို့ရာ အပြည်ပြည် ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ် (IC-AO)ရဲ့အကြံပြုချက်အရပါ ပြင်ဆင်ဖို့ လုပ်ရတာဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန (DCA)မှလက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။

အဆိုပါဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဥပဒေအကြောင်းအရ အကြံပြုချက်များရယူ ထားပြီဖြစ်ကြောင်း ရှေ့နေချုပ်ရုံး၏ အကြံပြုချက်နှင့် DCA ၏ ထပ်မံပြင်ဆင်ချက်များ ပါဝင်သော အက်ဥပဒေ (မူကြမ်း) အား နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာသမ္မတ၏ ဥပဒေအကြံပေးအဖွဲ့မှ အကြံပြုချက်များ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

“ ပြင်ဆင်မည့်ဥပဒေမှာ လေယာဉ်လိုင်စင်ကိစ္စ၊ လေယာဉ်မှူးတွေရဲ့ လိုင်စင်ကိစ္စ၊ လေကြောင်းပျံသန်းမှုကိစ္စရပ်တွေ၊ လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ လေဆိပ်ပတ်ဝန်းကျင်ကိစ္စတွေ ပါဝင်မှာဖြစ်ပါတယ်” ၄င်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေအား ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးဖြည့်စွက်ခြင်းကို ကိုးကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

thetransportnews

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...