အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 May, 2013

ကနေဒါမှာ ရိုဟင်ဂျာဘာသာကို စတင်သင်ကြား

ကနေဒါနိုင်ငံက ကျောင်းတစ်ကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရိုဟင်ဂျာဘာသာကို စတင်သင်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒီသင်တန်းဖွင့်လှစ်တဲ့ အခမ်းအနားကို ကနေဒါနိုင်ငံ Ontario ပြည်နယ် Kitchener မြို့ St. David Catholic ကျောင်းမှာ မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

... အဲဒီကျောင်းမှာ မူလက ရုရှား၊ ဂျပန်၊ ပြင်သစ်စတဲ့ နိုင်ငံခြား ဘာသာစကား၁၆မျိုး သင်ကြားပေးလျက်ရှိရာက အခုရိုဟင်ဂျာဘာသာ စကားတစ်မျိုး ထပ်တိုးလာတာကြောင့် ဘာသာ ၁၇ မျိုးရှိသွားပြီဖြစ်တယ်လို့ အဲ့ဒီမြို့မှာနေထိုင်တဲ့ ကိုအာဏ္ဏဝါက RFA ကို အခုလို ပြောပါတယ်။

"အဲဒါက နိုင်ငံတကာဘာသာစကားရဲ့ ကဏ္ဍအောက်မှာ သင်ပေးတဲ့နေရာကျတော့ အဲဒီကျောင်းမှာပဲနေရာချပေးတာ၊ အရင်တုန်းကဆိုလို့ရှိရင် ဒီမှာကဘာသာစကား ၁၆ မျိုးသင်ကြတယ်၊ ကျနော်တို့ဟာပေါင်းလိုက်တော့ ၁၇ မျိုးပေါ့"

ဒီကျောင်းဟာ ကနေဒါအစိုးရ ကျောင်းတွေထဲမှာ ရိုဟင်ဂျာဘာသာစကားကို ပထမဆုံးသင်ကြားတဲ့ကျောင်း ဖြစ်ပါတယ်လို့လည်း ကိုအာဏ္ဏ၀ါက RFA ကို အခုလို ပြောပါတယ်။

"ကျနော်နေတဲ့မြို့မှာ အဲဒီဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေလာတဲ့ မိသားစုတွေရှိတယ်ဆိုတော့ အဲဒီကလေးတွေကို စပြီးတော့သင်ပေးတာဖြစ်ပါတယ်၊ ကျနော်သိသလောက်ဆိုတော့ ဒါကရိုဟင်ဂျာဘာသာစကားကို တရားဝင်သင်ပေးတဲ့ ပထမဦးဆုံးကျောင်းပေါ့၊ ဒါပေမယ့် ဆော်ဒီအာရေဗျတို့ ဘာတို့မှာလည်း အဲဒီရိုဟင်ဂျာတွေ အဲလိုနေနေတဲ့နေရာတွေမှာတော့ သင်ပေးတာတွေရှိတယ်၊ ဒါပေမယ့် အစိုးရကနေ ဒီလိုတရားဝင်လုပ်ထားတာတော့မရှိဘူး"

ဒီကျောင်းမှာ အခုရိုဟင်ဂျာဘာသာကို တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား ၂၂ ဦးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်မှာ ပညာသင်ကြားသွားတဲ့ ကျောင်းသားတစ်ဦးက ရိုဟင်ဂျာဘာသာစကားကို ၁၉၉၉ ခုနှစ်က လန်ဒါန်မြို့မှာ အင်္ဂလိပ်ဗျည်းအက္ခရာတွေကနေ အသံထွက်ယူတဲ့နည်းနဲ့ တီထွင်လိုက်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

RFA Burmese News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...