အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 May, 2013

`အချစ်ဦး နဲ့ အချစ်ဆုံး´

အချစ်ဦး
အချစ်ဦးဆိုတာ ဘယ်သူလဲ???
... စိတ်လှုပ်ရှားတတ်တဲ့အရွယ် အချစ်ကိုစမ်းတ၀ါးဝါးနဲ့စူးစမ်းတတ်တဲ့အရွယ်မှာ
ဆုံဆည်းခဲ့ရသူကို `အချစ်ဦး´ လို့ခေါ်ကြတယ်လေ…

အချစ်ဆုံး
အချစ်ဆုံးဆိုတာကကောဘယ်သူလဲ???
အရာရာကိုကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရွယ်မှာ နှလုံးသားကော၊ ဦးနှောက်ကပါ
လက်ခံအသိအမှတ်ပြုတဲ့သူကို `အချစ်ဆုံး´ လို့ခေါ်နိုင်တယ်လေ…

အချစ်ဦး
အချစ်ဦးတွေအပေါ်ထားတတ်တဲ့စိတ်ခံစားမှုက မတည်ငြိမ်ဘူး၊ မရေရာဘူး
ကောက်ရိုးမီးလို တစ်ချိန်သာဝုန်းခနဲထတောက်တတ်တာမျိုးပါ…

အချစ်ဆုံး
အချစ်ဆုံးတွေအပေါ်ထားရှိတဲ့စိတ်ကတော့လေးနက်တယ်၊ မပြောင်းလဲဘူး၊ ခိုင်မာမှုရှိတယ်
ဘယ်သောအခါမှထတောက်တတ်တာမျိုးမဟုတ်ပဲ တမြေ့မြေ့လောင်ကျွမ်းတတ်တာမျိုးပါ…


အချစ်ဦး
အချစ်ဦးတွေရဲ့နောက်မှာ နောက်ထပ် နောက်ထပ်သောအချစ်သစ်တွေ အချိန်မရွေးပေါ်လာနိုင်ပြီး
အချိန်မရွေးပြောင်းလဲသွားနိုင်တဲ့ အခြေအနေတွေရှိတယ်…

အချစ်ဆုံး
အချစ်ဆုံးလို့ သေချာသွားတဲ့နောက်မှာ သူ့နေရာကိုဘယ်လိုလူမျိုးနဲ့မှ အစားထိုးလို့မရနိုင်တော့ဘူး
အချိန်တွေပြောင်းလဲသွားပေမယ့် ခံစားချက်တွေမပြောင်းလဲတတ်ဘူး ထာဝရအရိပ်ထင်နေတတ်တယ်…

အချစ်ဦးနဲ့အချစ်ဆုံး
အချစ်ဦးနဲ့အချစ်ဆုံး ထပ်တူကြပြီး လက်တွဲခွင့်ရသူတွေဟာ သိပ်ကိုကံကောင်းလွန်းတဲ့သူတွေပါ
ချစ်တဲ့သူငယ်ချင်းအားလုံး ကံကောင်းဖို့ ကျွန်မဆုတောင်းပေးမယ်
`အချစ်ဦး´ နဲ့ဆုံဆည်းနိုင်ပါစေ
`အချစ်ဆုံး´ နဲ့လက်တွဲနိုင်ပါစေ
`အချစ်ဦးနဲ့အချစ်ဆုံး´ ထပ်တူကျနိုင်ပါစေနော်…


လွမ်းကဗျာ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...