အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 May, 2013

ခန္ဓာကိုယ် လှချင်လို့ ခါးလှည့်တဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်တယ်ဆိုတဲ့ ခိုင်သဇင်ငုဝါ

ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသား တိုင်း ကျန်းမာခြင်းနဲ့ အတူ လှပခြင်း ကိုလည်း ပိုင်ဆိုင်ချင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အသားအရေ လှလိုက် တာ၊ ဆံပင် ကောင်းလိုက်တာ၊ သွား လေးတွေက ပုလဲလေးတွေ စီထား တဲ့အတိုင်း ညီညာ လိုက်တာ စသ ဖြင့် ပိုင်ဆိုင်ချင် ကြမှာပါပဲ။ ဒီလိုအ လှတရားတွေ ပိုင်ဆိုင်ဖို့ အတွက် အနုပညာရှင်များ ဘယ်လို ထိန်းသိမ်း လေ့ရှိလဲဆိုတာ လေ့လာကြည့် လိုက်ရအောင် .....

လူတစ်ယောက်ရဲ့ဘဝမှာ အားကစားက အရေးပါတဲ့ အခန်း ကဏ္ဍတစ်ခု အနေနဲ့ ပါဝင်နေတယ်။ ကိုယ်က အားကစား လုပ်ဖို့အချိန်မ ပေးနိုင်ဘူး ဆိုရင်တောင် ကိုယ်လုပ် နေတဲ့ အလုပ်မှာပဲ လမ်းလျှောက် တာမျိုး၊ ဒါမှမဟုတ် အိမ်အလုပ် လုပ်ရင်းနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း မျိုးလုပ်သင့် ပါတယ်။ အားကစား လုပ်တဲ့သူနဲ့ မလုပ်တဲ့သူက ကျန်း မာရေးအပိုင်းမှာလည်းကွာခြားသ လို ခန္ဓာကိုယ် အချိုးအစား လှပမှုအ ပိုင်းမှာလည်း ကွာခြား ပါတယ်။ အားကစား လုပ်တဲ့သူက ချွေးပုပ် တွေထွက်လို့ အသားအရေ ပိုကြည် လင်တယ်။ အားကစား မလုပ်တဲ့သူ ကတော့ ချွေးပေါက်တွေ ပိတ်နေ တတ်လို့ အသားအရေခြောက်သွေ့ တယ်၊ ညစ်နွမ်းတယ်၊ အဲဒါတွေက ကျန်းမာရေး ထိခိုက်တယ်။

အခုဒီ ခေတ်မှာ ပိန်ဆေးတွေ အများကြီးပဲ ထွက်တယ်။ ပိန်ဆေး ဆိုကတည်းက သူကဆေးဖြစ်တဲ့ အတွက် ဓါတုဗေဒ ပစ္စည်း နည်းနည်းတော့ ပါမှာပဲ။ တ ချို့တွေက ပိန်ဆေးသောက်ပြီး Side effect တွေဖြစ်ကြတယ်။ ပိန်ဆေး သောက်ပြီး ပိန်တာထက် လေ့ကျင့် ခန်းလုပ်ပြီး ပိန်တာမျိုးကို ပိုအားပေး တယ်။ သူငယ်ချင်းတွေ ထဲမှာလည်း ဝတဲ့သူတွေ ရှိပါတယ်။ သူတို့ဆို ပိန် ဆေးမသောက်ဘဲ တစ်နှစ်တိတိအ ချိန်ယူပြီး လေ့ကျင့်ခန်း ပုံမှန်လုပ် တယ်။ အဆီများတဲ့ အစားအစာတွေ ရှောင်တယ်။ အခုဆို တော်တော် လေးကိုပိန် သွားပြီ။ အဲဒီလိုနည်းမှန် လမ်းမှန်နဲ့ပဲ လှစေချင်ပါတယ်။ တ ရပ်ပစ် လိုက်ကြတယ်။

အဲဒီအခါမှာ ပိန်သွားပြီ ဆိုပြီး အစားအသောက် မထိန်းဘဲစားလိုက်ရင် ပြန်ဝလာကြ တယ်။ အစ ကတည်းက ကိုယ်ကပိန် ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့ ကျင့်ခန်း လုပ်လာတာလေ။ ပိန်သွား ပြီဆိုပြီး မရပ်လိုက်ဘဲနဲ့ ပုံမှန်လေး ဆက်ကစား ပေးစေ ချင်ပါတယ်။ ငု ဝါကတော့ ခန္ဓာကိုယ် လှချင်လို့ခါး လည်း အားကစား လုပ်ဖို့ အချိန်မ ပေးနိုင်ရင်တောင် လမ်းလျှောက် တာနဲ့ အေရိုးဗစ် ကစားတာလောက် တော့လုပ်စေချင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျန်းမာမှ ကိုယ် လျှောက်လှမ်း ချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်း နိုင်မှာ မို့လို့ပါ။

By 8Days A Week Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...