အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 May, 2013

ဖြစ်ချင်တာက သင်္ဘောသား၊ ဖြစ်နေတာက မင်းသား" အောင်ရဲလင်း

“အရမ်း ချစ်တတ်တဲ့ ကောင်လေးရဲ့ ကောင်မလေး” ဇာတ်ကားမှာ သရုပ်ဆောင် အောင်ရဲ လင်း နဲ့ တွေ့ဆုံခိုက် ပရိသတ် သိချင်မယ်ထင်တဲ့ အကြောင်း အရာ လေးတွေ မေးမြန်း ခဲ့ ပါတယ်။
“ကျွန်တော် အခုအရမ်းချစ်တတ်တဲ့ ကောင်လေးရဲ့ ကောင်မလေးဆိုတဲ့ ဇာတ်ကားကို ချစ်သုဝေနဲ့ ရိုက်နေပါတယ်။ အပြင်မှာ အချစ်ရေးကတော့ အေးဆေးပါပဲ။ ကားကြီးတွေကတော့ ဖန်စီတစ်ကား၊ ဝိဉာဉ်ဆန်ဆန်ကား တစ်ကားရိုက်ဖို့ ရှိပါတယ်။ ရိုက်ပြီးသား ကားတွေအနေနဲ့ တကယ်ဆိုရင် အချစ်ပဲလိုတယ်၊ အလန်းဇယား ၂၊ မလည်ရှုပ် ကားတွေပေါ့။ အကယ်ဒမီ ဆိုတာကတော့ ကံပါပဲ။ ကံပါရင် ရမယ်။ ကံမပါရင် မရဘူး။ အဲဒီလိုပဲ သဘောထားပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ရင် ဝက်ဆိုဒ်တွေ
တက်ကြည့်တတ်တယ်။ ကိုယ့်ဘာသာကိုယ် ထွင်ပြီး ဝတ်တယ်။ အဓိကကတော့ တစ်ကားနဲ့တစ်ကား မတူအောင် ဝတ်ရတာပေါ့။

ငယ်ငယ်ကဆို သင်္ဘောသား အရမ်းဖြစ်ချင်ခဲ့တာ။ အဖေကလည်း သင်္ဘောသား အစ်ကိုကလည်း သင်္ဘောသား ဆိုတော့ ကျွန်တော်လည်း သင်္ဘောသား ဖြစ်ချင်ခဲ့တာ။ ဒီအလုပ်ကို ရှစ်တန်းကိုးတန်းလောက်မှ ဝါသနာပါတာ။ ဆယ်တန်းပြီးတော့ ကိုဂျွန်လွင်နဲ့တွေ့ပြီး ရောက်လာတာ။ ကိုယ်ကတော့ ရောက်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ဘယ်လိုဖြစ်ရမယ်ဆိုပြီး အကြီးကြီး မတွေးဘူး။ အရာအားလုံးက ကံပါပဲ။ ဖြစ်မယ့်ကံပါရင် ဖြစ်မယ်။ ပျက်မယ့်ကံပါရင် ပျက်မယ်။ ဒါပါပဲ။ ကိုယ်ကတော့ ကိုယ်လုပ်တဲ့အလုပ်မှာ အကောင်းဆုံး ကြိုးစားသွားမယ်။ ချစ်တယ်ဆိုတာက ကောင်းတယ်လို့ ထင်တာပဲ။ အကောင်းဘက်ကို သွားတယ်လို့ ထင်တာပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ “ပရိသတ်ကြီး အားပေးရကျိုး နပ်မယ့် သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ခွင့်ရအောင် ကြိုးစားနေပါတယ်” လို့လည်း အောင်ရဲလင်းက ပြောထားပါသေးတယ်။



8day news မှ သိသမျှ ။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...