အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 May, 2013

ရုပ်ရှင်ကားကြီး ရိုက်ဖို့ဆိုတာ ထီထိုးသလို ဖြစ်နေတယ်ဆိုတဲ့ ခင်လှိုင်

ဇာတ်ပို့တွေ ရင်ဆိုင် နေရတဲ့ အခက်အခဲက အခု တော်တော် များများ အလုပ်တွေက ပါးကြတော့ တချို့ ရိုက်ရတဲ့ လူတွေ ရိုက်ရတယ်။ မရိုက်ရတဲ့ လူတွေလည်း ထိုင်နေရ တဲ့လူတွေ အများကြီး ရှိတယ်။ အဓိက ဈေးကွက် ကမောက်ကမဖြစ် နေတဲ့ အချိန်မှာ အနုပညာ ရှင်တော် တော်များများလည်း ကသိကအောက် ဖြစ်ကြတယ်။

မင်းသား၊ မင်းသမီးရ တဲ့ငွေကြေးနဲ့ ဇာတ်ပို့၊ ဇာတ်ရံရတဲ့ ငွေကြေး အရမ်းကွာခြား တယ်လေ။ ကွာခြားတဲ့ အခါကျတော့ တစ်လ မှာ တစ်ကားပဲ ရိုက်ရတဲ့ လူတွေ တောင် မိသားစု စားဝတ် နေရေးက တော်တော်လေး အခက်အခဲဖြစ်ကြ မှာ။ တချို့ တစ်ကားမှ မရိုက်ရဘဲ ထိုင်နေရတဲ့ လူတွေဆို ပိုဆိုးတယ်။ အဲဒီတော့ ဗီဒီယို ဈေးကွက် မြန်မြန် ပြန်ကောင်း လာပါစေလို့ပဲ ဆုတောင်း ရမှာပါ။

ခိုးကူးခွေကိစ္စ ရှင်း ရှင်းလင်းလင်း ပပျောက်ပြီးတော့ ကျွန်တော်တို့ လောက သားတွေ စည်းစည်း လုံးလုံးဖြစ်ပြီး ဗီဒီယိုဈေး ကွက် ဒါမှမဟုတ်လည်း ရုပ်ရှင်ဆို လည်းရုပ်ရှင် ပေါ့နော်။ ရုပ်ရှင်ကျ တော့လည်း အခုက ရုံရက်တွေ စောင့်ဘာညာနဲ့ ဆိုတော့ ကားကြီး က ရိုက်တဲ့လူနည်းသေးတယ်။ အခု တလောမှ ပြန်စလာကြတာ။

ဟို တလောကဆိုရင် ကားကြီးတော် တော်များများ ရပ်ထားကြတာ။ အဓိ ကရုပ်ရှင်ပြဖို့ ရုပ်ရှင်ရုံရက်စောင့်ရ တာပေါ့နော်။ ကျွန်တော်တို့ နိုင်ငံမှာ ရုပ်ရှင်ရုံတွေ အများကြီးဖြစ်လာ မယ်၊ ဒီရုံပြပြီးမှ ဟိုရုံပြခွင့် ရှိမယ်ဆိုတဲ့ ဟာမျိုးတွေ ကင်းရှင်း သွားမယ် ဆိုရင်တော့ ကားတွေ အပြိုင်တွေ တင်နေကြ ရင်တော့ အများကြီး အလုပ်လုပ် နေကြရမှာ ပေါ့နော်။ အခုကတော့ ရုပ်ရှင် တစ်ကားရိုက် ရင် သိန်းထောင်ချီပြီး ကုန်တာဆို တော့ ရင်းနှီးမြုပ်နှံ ထားရတာ အရမ်းများ တယ်လေ။

အဲဒီလို ရင်းနှီး မြုပ်နှံထားရတဲ့ အခါကျတော့ မ ကိုက်ကြဘူး ပေါ့နော်။ ဒါကလည်း May be ပါပဲ။ ရုံတင်ရင် ဒီကားက အောင်မြင်မလား မအောင်မြင်ဘူး လားဆိုတာက ရှိသေးတယ်။ ရုပ်ရှင် ကားကြီးက ထီထိုး သလိုဖြစ်နေ တယ်။ အဲဒီ ဂယက်တွေက ဘယ်မှာ လာရိုက်လဲဆိုရင် ခုနကပြောတဲ့ ဇာတ်ပို့၊ ဇာတ်ရံ လေးတွေမှာ လာပြီး တော့ ဂယက်ရိုက် တာပေါ့။ အဲဒါ ကတော့ အခက်အခဲပါပဲ။

မိုးထက်ကျော်
By 8Days A Week Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...