အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 May, 2013

နိုင်ငံကူး လက်မှတ် အတုဖြင့် မြန်မာမှ မူဆလင် လူငယ် (၃) ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုဖြင့် ဆော်ဒီအရေးဗီယားနိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံမှ မူဆလင် လူငယ် (၃) ဦးကို ဘင်္ဂလာ ရဲမှ မေလ ၉ ရက် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း နိရဉ္စရာက သတင်း ရရှိသည်။

... ဖမ်းဆီးခံရသူများမှာ အီမရန် (၂၅) နှစ်၊ မူဟာမတ် အဆက်ဒူလာရ်(၂၂) နှစ်နှင့် မူဟာမတ် ဂျာဖါအာလန် (၂၂) နှစ်တို့ ဖြစ်ကြသည်။

သူတို့အား သတင်းအရ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် လေယာဉ်ပေါ်သို့ တက်မည့် အချိန် ဆဲဆဲတွင် လေဆိပ်နားနေဆောင်ကို ဖြတ်စဉ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲက ဆိုသည်။

သူတို့အား ယခုအခါ ဒက္ကားလေဆိပ် ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ဥပဒေနှင့် အညီ တရားစွဲဆိုသွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ မူဆလင်များသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာနေခြင်းကို ဘင်္ဂလာဒေခ်ျ့ လက်ရှိ အစိုးရမှ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ဒက္ကားလေဆိပ်တွင် မကြာခဏ ဖမ်းဆီးမူများ ရှိနေသည်။

narinjara

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...