အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 May, 2013

"တရုတ်ကြက်ငှက်တုပ်ကွေး မြန်မာသို့ မဝင်လာစေရေး ၁ဝ၅ မိုင်တွင် ပိုမိုကြပ်မတ်မည်"

မူဆယ် ၁ဝ၅ မိုင်ဇုန်တွင် တရုတ်နိုင်ငံမှ ကြက် အရှင်နှင့် ကြက်ဥတင်သွင်းမှုများကို ပိုမိုကြပ်မတ် စစ် ဆေးသွားမည်ဟု အဆိုပါဇုန်မှ ညွှန်ကြားရေးမှူးဗိုလ် မှူးကြီးသိန်းဝင်းက ပြောသည်။

... ကြက်အရှင်နှင့် ကြက်ဥများကို Light Truck များဖြင့် အစီးလိုက်တင်သွင်းမှုများရှိလာ၍ ကြပ်မတ် စစ်ဆေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

''လူထပ်ဖြည့်ပြီးတော့ နေ့ရော ညရော စစ်ဆေး ဖို့လုပ်နေတယ်'' ဟု ၎င်းက ပြောသည်။ဧပြီလအတွင်းက ကြက်ဥအလုံး ၉ဝဝဝ ကျော်နှင့် ကြက်အရှင် ၄၄၅ ကောင်ကို ဖမ်းဆီးမိခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံမှ ကြက်ခြေထောက်များလည်း တင်သွင်းလာ၍ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့်ပူးပေါင်းကာ စစ်ဆေးပြီး မီးရှို့ဖျက်ဆီး ခဲ့ရကြောင်း ၎င်းက ပြောသည်။

ယခင်က မနက် ၅ နာရီခန့်မှ ည ၈ နာရီခန့်အထိ စစ်ဆေးခဲ့ပြီး နောက်ပိုင်းတွင် အချိန်တိုးမြှင့်စစ်ဆေး သွားမည် ဟု သိရသည်။
မူဆယ်မှ တင်သွင်းလာသော ကြက်အရှင်နှင့် ကြက်ဥများကို လားရိုး၊ မန္တလေး ဈေးကွက်များသို့ ရောင်းချရန် သွားရောက်ဝယ် ယူကြခြင်းဖြစ်ကြောင်း ကြက်နှင့် ဆက်စပ်ပစ္စည်းများကို ယခင်ကတည်းက တင်သွင်းခွင့်မပြုထားကြောင်း၊ တရုတ်တွင် ကြက် ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှသာ ယခုကဲ့သို့ တင်သွင်း လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။တရုတ်နိုင်ငံတွင် မတ်လခန့်မှစ၍ ကြက်ငှက်တုပ် ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး H7N9 ဗိုင်းရပ်စ်တွေ့ရှိသူ ၁ဝဝ ကျော်ရှိကာ ၂၃ ဦးသေဆုံးခဲ့ကြောင်း ပြည်ပ သတင်းဌာနများမှ သိရသည်။

မေဇင်ဝင်း
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...