အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 May, 2013

မြိတ်-ရန်ကုန် ခရီးသည်များ သက်သောင့်သက်သာ ရှိစေရန် ခေတ်မီ လေအိတ်ကားကြီးများဖြင့် ပြေးဆွဲပေး တော့မည်

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မှရန်ကုန်သို့ ရိုးရိုးမှန်လုံယာဉ်များဖြင့် မော်တော်ယာဉ်လိုင်း ရှစ်လိုင်း ပြေးဆွဲလျက် ရှိသည်။

... မြိတ်-ရန်ကုန် ခရီးစဉ်အတွက် ခရီးသည်များ လွယ်ကူချောမွေ့ သက်သောင့်သက်သာ ရှိစေ ရန်အတွက် ယခုမေလ ဒုတိယပတ်မှ စတင်ပြီး ခေတ်မီမှန်လုံ Express လေအိတ်ကားကြီးများဖြင့် နေ့စဉ် ပြေးဆွဲပေးတော့ မည် ဖြစ်ကြောင်း ရွှေလီရတနာ ကားဂိတ်မှ တာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။

ယခုလက်ရှိ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်း ရှစ်လိုင်းမှ ရိုးရိုးမှန်လုံ ခရီးသည်တင် ကားများသည် ယာဉ်တစ်စီး လုံး အလယ်ခုံတန်းပါမကျန် ပြည့်ကျပ်နေအောင် တင်ဆောင်လေ့ရှိသဖြင့် ခရီးသွား ပြည်သူများ စိတ်ချမ်းမြေ့မှု မရရှိခဲ့ပေ။

ယခု ပြေးဆွဲမည့် လေအိတ်ကားကြီးများ၌ အလယ်ခုံများတွင် လူမတင်ဘဲ သတ်မှတ်ခုံ အပြည့်သာ တင်ဆောင် မည် ဖြစ်သဖြင့် ခရီးသည်များ သက်သောင့်သက်သာ ခရီးသွားနိုင်မည် ဖြစ်သည်။ ခရီးစဉ် တစ်ခေါက်တွင် ခရီးသည် ၄၅ ဦးသာ တင်ဆောင်မည်ဟု သိရသည်။

မြိတ်-ရန်ကုန် ခရီးစဉ်ကို မေလ ၉ ရက်နေ့တွင် ပြေးဆွဲမည်ဖြစ်ပြီး ကားလက်မှတ် နှုန်းထားများမှာ လေအိတ် ကားအ တွက် ငွေကျပ် နှစ်သောင်း လေးထောင်နှင့် ရိုးရိုးမှန်လုံယာဉ် အတွက် ငွေကျပ် တစ်သောင်း ရှစ်ထောင် သတ်မှတ် ထားကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...