စစ်ကိုင်းမြို့နယ်၊
မင်းကွန်း ရှေးဟောင်းယဉ်ကျေးမှုဒေသသည် မြန်မာနိုင်ငံတွင်းသာမက ကမ္ဘာ
တွင်လည်း ကျော်ကြားသည့် ဒေသဖြစ်ရာ ပြည်တွင်းဘုရားဖူး နှင့်
ကမ္ဘာလှည့်ခရီးသွားဧည့်သည် များ နေ့စဉ်လာရောက်လည်ပတ် လျက်ရှိနေသည်။
... မင်းကွန်းဒေသ သည် ဗဒုံမင်းခေါ် ဘိုးတော်ဘု ရား တည်ထားခဲ့သည့် ပုထိုး တော်ကြီး၊ ခြင်္သေ့ကြီး၊ မင်းကွန်း ခေါင်းလောင်းကြီးစသည့် အံ့ခြီး ဖွယ်ရာ စေတီပုထိုးသာသနိက အဆောက်အအုံကြီးများကြောင့် ကမ္ဘာတွင် ကျော်ကြားသကဲ့သို့ ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး သာသနာ့ဥသျှောင် မင်းကွန်းတိပိ ဋကဓရ ဆရာတော်ဘုရားကြီး ကြောင့်လည်း ထင်ရှားခဲ့ကြောင်း သိရသည်။ ထို့အပြင် မင်းကွန်းမိုး မိတ်ကုန်းမြေတွင်လည်း ပိဋကတ် ဆောင်သာသနာ့အာဇာနည်များ အဆက်မပြတ် မွေးထုတ်ပေးနေ သည့် တိပိဋက-နိကာယကျောင်း တိုက်ကြီးလည်း တည်ရှိနေသဖြင့် မင်းကွန်းဒေသသို့ လာရောက် လေ့လာလည်ပတ်ကြသည့် ပြည် တွင်းပြည်ပဧည့်သည်များနှင့် အမြဲမပြတ် စည်ကားကြောင်း သိ ရသည်။
မင်းကွန်းဒေသသည် ရှေးဟောင်းယဉ်ကျေးမှုဒေသဖြစ်
ရုံမျှသာမက သာသနာတော် ဆိုင်ရာ အထင်ကရဒေသကြီး တစ်ခုလည်းဖြစ်၍ မင်းကွန်းဒေသ
တွင် သံဃာ၊ သီလရှင်များကိုယ် တိုင်ဆိုင်ကယ်၊ ကားမမောင်းကြ ရန်၊ မွန်းလွဲအခါ
စားသောက်ဆိုင် များတွင်စားသောက်ခြင်းမပြု က
ရန် မင်းကွန်းတောင်ရိုး၊ သံဃနာ ယကအဖွဲ့နှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့တို့က
စစ်ကိုင်းမြို့နယ်၊ မင်း ကွန်းဒေသအတွင်း မည်သည့်နေ ရာမဆို ရဟန်း၊ သာမဏေ၊ သီ
လရှင်များကိုယ်တိုင် ကား၊ ဆိုင် ကယ်၊ စက်ဘီးမမောင်းနှင်ရန်
(မစီးရန်)အထူးတားမြစ်ကြောင်း၊ တွေ့ရှိပါက အရေးယူအပြစ်ပေး ခံရမည်ဖြစ်ကြောင်းသတိပေး တားမြစ်ခဲ့သည်ဟု သိရသည်။
အဆိုပါသတိပေးဆိုင်းဘုတ်များ ကို တလိုင်းဆင်ကျေးရွာ မင်း ကွန်းလမ်းဘေး၊ မင်းကွန်းပုထိုး တော်ကြီး၊ ခေါင်းလောင်းကြီးနှင့် ခြင်္သေ့ကြီးများအနီးတို့တွင် စိုက် ထူသတိပေးကြေညာထားသည် ကို တွေ့မြင်ရသည်။
““ဒီလို တားမြစ်တာကောင်း တယ်။ အခြားဒေသတွေက လည်း အတုယူလိုက်နာသင့် တယ်။ မင်းကွန်းမှာက နေ့စဉ် ဆိုသလို ကမ္ဘာလှည့်ခရီးသည် တွေ၊ နိုင်ငံနှင့်အ၀န်းက ဧည့် သည်တွေလာပြီး လေ့လာကြ တယ်။ ဘုရားဖူးကြတယ်။ မင်းကွန်း ဒေသက ရှေးဟောင်းယဉ်ကျေး မှုဒေသဖြစ်ရုံတင်မကဘူး သာသ နာတော်အတွက်ပါ စံပြဒေသ တစ်ခုလို့ ပြောလို့ရတယ်။
မင်းကွန်းတိပိဋကဆရာတော်ကြီး
သီတင်းသုံး သာသနာပြုသွားခဲ့ သလို သာသနာ့ဥသျှောင် တိပိ ဋကဆရာတော်တွေ
မွေးထုတ် ပေးနေတဲ့ ဒေသဖြစ်တယ်။ သာ သနာ့ဝန်ထမ်းဖြစ်ကြတဲ့ ရဟန်း၊ သံဃာ၊
သီလရှင်တွေ အကျင့် အကြံ၊ အနေအထိုင်ကောင်းမွန် ကြမှ၊ ၀ိနည်းသိက္ခာပုဒ်နဲ့အညီ
ကျင့်ကြံနေထိုင်ကြမှ ကြည်ညိုကြ တဲ့သူတွေလည်း ကုသိုလ်ရမယ်။ ဘာသာခြားတွေကလည်း
လေး စားကြမယ်။ နိုင်ငံတကာက လာ ရောက်လည်ပတ်သူတွေမြင်ရင် လည်း ကုသိုလ်ရမယ်။
ဘာသာ ခြားတွေကလည်း လေးစားကြ မယ်။ နိုင်ငံတကာက လာရောက်
လည်ပတ်သူတွေမြင်ရင်လည်း အထင်သေးတာမျိုးမဖြစ်တော့ဘူး ။ ကြည်ညိုဖွယ်နေထိုင်သွားလာကျ င့်
ကြံမှုရှိအောင် သက်ဆိုင်ရာအဖွဲ့ အစည်းတွေက ထိန်းသိမ်းကြပ် မတ်ပေးတာ
ကောင်းတယ်””ဟု မင်းကွန်းဒေသသို့ လာရောက် လည်ပတ်ဘုရားဖူးသူတစ်ဦးက ပြောသည်။
နန္ဒမင်းလွင်
The Hot News
... မင်းကွန်းဒေသ သည် ဗဒုံမင်းခေါ် ဘိုးတော်ဘု ရား တည်ထားခဲ့သည့် ပုထိုး တော်ကြီး၊ ခြင်္သေ့ကြီး၊ မင်းကွန်း ခေါင်းလောင်းကြီးစသည့် အံ့ခြီး ဖွယ်ရာ စေတီပုထိုးသာသနိက အဆောက်အအုံကြီးများကြောင့် ကမ္ဘာတွင် ကျော်ကြားသကဲ့သို့ ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး သာသနာ့ဥသျှောင် မင်းကွန်းတိပိ ဋကဓရ ဆရာတော်ဘုရားကြီး ကြောင့်လည်း ထင်ရှားခဲ့ကြောင်း သိရသည်။ ထို့အပြင် မင်းကွန်းမိုး မိတ်ကုန်းမြေတွင်လည်း ပိဋကတ် ဆောင်သာသနာ့အာဇာနည်များ အဆက်မပြတ် မွေးထုတ်ပေးနေ သည့် တိပိဋက-နိကာယကျောင်း တိုက်ကြီးလည်း တည်ရှိနေသဖြင့် မင်းကွန်းဒေသသို့ လာရောက် လေ့လာလည်ပတ်ကြသည့် ပြည် တွင်းပြည်ပဧည့်သည်များနှင့်
မင်းကွန်းဒေသသည် ရှေးဟောင်းယဉ်ကျေးမှုဒေသဖြစ်
အဆိုပါသတိပေးဆိုင်းဘုတ်များ
““ဒီလို တားမြစ်တာကောင်း တယ်။ အခြားဒေသတွေက လည်း အတုယူလိုက်နာသင့် တယ်။ မင်းကွန်းမှာက နေ့စဉ် ဆိုသလို ကမ္ဘာလှည့်ခရီးသည် တွေ၊ နိုင်ငံနှင့်အ၀န်းက ဧည့် သည်တွေလာပြီး လေ့လာကြ တယ်။ ဘုရားဖူးကြတယ်။ မင်းကွန်း ဒေသက ရှေးဟောင်းယဉ်ကျေး မှုဒေသဖြစ်ရုံတင်မကဘူး သာသ နာတော်အတွက်ပါ စံပြဒေသ တစ်ခုလို့ ပြောလို့ရတယ်။
မင်းကွန်းတိပိဋကဆရာတော်ကြီး
နန္ဒမင်းလွင်
The Hot News