လတ်တလော မိစန္ဒီ အတွဲခွေတွေ အတွက်
သီချင်းတွေ ဆိုနေ တယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေ အတွက် ဓါတ်ပုံတွေ ရိုက်ပေး
ဖြစ်တယ်။ တစ် ကိုယ်တော်ခွေ ထပ်ထွက် ဖို့ကကြာ ဦးမှာပါ။ မိစန္ဒီဆီမှာက သီချင်း
နှစ်ပုဒ်ပဲ ရှိသေးတယ်။ ကြားထဲမှာ လည်း အတွဲခွေတွေ ဆိုရဦးမှာလေ။
နောက်ထွက်မယ့် တစ်ကိုယ်တော် မှာက မိစန္ဒီကိုယ်တိုင် ရေးတဲ့ သီချင်း
တွေများအောင် ထည့်မှာပါ။ ကိုယ် တိုင်ရေးတဲ့ သီချင်းကတော့ မိစန္ဒီရဲ့
ခံစားချက် တွေကို အများဆုံးရေး ဖြစ်ပါတယ်။ မိစန္ဒီ ပျော်ရင်ပျော် သလို၊
စိတ်ညစ်ရင်လည်း စိတ်ညစ် သလိုပေါ့။ သူငယ်ချင်းတွေ၊ ပတ် ဝန်းကျင်က
လူတွေကိုလည်း ခံစား ပြီးရေးပါတယ်။ ပုံစံမျိုးစုံလေး ဖြစ်အောင်လို့ပါ။
ရေခဲရိုက် အပြုံးက မိစန္ဒီရဲ့ ခံစားချက် အစစ်တွေလား ဆိုတော့ MTV ကတော့
ပြောလို့ မရပါဘူး။ ဒါပေမဲ့ စာသားတွေက တော့ ခံစားချက် အစစ်တွေပါ။ Hip Hop, R
& B ထဲမှာပဲ current ဖြစ်တဲ့ ပုံစံလေးတွေ၊ ပရိသတ် လက်ခံမယ့် ပုံစံလေး
တွေကိုပဲ လုပ် သွားဖို့ပဲ ရှိပါတယ်။ ရေခဲရိုက် အပြုံး ကို ကုမ္ပဏီ ပွဲတွေဆို
မဆိုဖြစ်ဘူး။ သူက အသဲကွဲတာ၊ ပေါက်ကွဲတာ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဆိုပေးပါ
ဆိုရင်တော့ ဆိုဖြစ်ပါတယ်။ ရေခဲ ရိုက်အပြုံးပိုင်ရှင် ပြန်တွေ့ သေးလား
ဆိုတော့ မတွေ့တော့ပါဘူး။ ပြန်တွေ့ ခဲ့မယ်ဆိုလည်း မိစန္ဒီက အခုတည်
ငြိမ်သွားပါပြီ။
By 8Days A Week Entertainment
By 8Days A Week Entertainment