လတ်တလော အနုပညာ လှုပ်ရှားမှုက
ကိုဖြိုးငွေစိုးနဲ့ "ကျွန်တော် နဲ့နတ်အလွဲများ"ဆိုတဲ့ ကားကို ရိုက်ထား
ပါတယ်။ အဲဒီကား မတိုင်ခင် ဇေရဲထက်နဲ့ ရိုက်ထားတာ တွေရှိတယ်။ ပြီးတော့
သီချင်းလေးတွေ ဆိုဖြစ်နေတယ်။ သီချင်းတွေ ဆိုတဲ့အခါ အခုနောက်ပိုင်းတော့
ဆိုတာ များလာတော့ ကြောက်စိတ်တော့ သိပ်မရှိတော့ ပါဘူး။ အရင်တုန်းက တော့
ကြောက်တဲ့ စိတ်ကြောင့် သိပ်ပြီးတော့ အဆင်မပြေတာတွေ များတယ်။ အခု
နောက်ပိုင်းတော့ ဆိုတဲ့ပွဲတွေ များတဲ့ အခါကျတော့ ကြောက်တဲ့
စိတ်သိပ်မရှိတော့ အ ဆင်ပြေ ပါတယ်။ သီချင်းဆိုရတာ ပျော်ပါတယ်။ ဒရာမာ တွေဆို သ
ဘာဝပုံစံတွေပဲ လုပ်တယ်ဆိုတာက နော်။ ကိုယ့်ဇာတ်ရုပ်က သဘာဝ
ကျမယ့်ဇာတ်ရုပ်ဆိုရင်တော့ အ ဝတ်အစားတွေ၊ ဆံပင်တွေ၊ မိတ် ကပ်တွေကအစ
ဘာမှမလိမ်းဘဲ၊ ဘာမှသိပ်မပြင်ဆင်ဘဲနဲ့ရိုက်တာ များပါတယ်။ ကိုယ်က ဒရာမာ
ဝါသနာပါလို့ လားမသိဘူး။ Heavy ဒရာမာကြီးတွေ ဆိုရင်လည်း ကိုယ့် အတွက်တော့
သိပ်အခက်အခဲ တော့မရှိဘူး။ ဘေးမှာလည်း သင် ပေးမယ့်လူတွေ ရှိတယ်လေ။ နောက်
ကိုယ်ကလည်း Heavy ကြီးတွေ ကြိုက်တဲ့လူဆိုတော့လေ။ အဲဒီလို ရိုက်ရတာ
ကိုယ့်အတွက်ပိုကြိုက် တယ်။ ပိုလည်းကောင်းတယ် လို့ ဒရာမာဇာတ်ကားတွေအကြောင်း
ဖြေပေးခဲ့ပါတယ်။
By 8Days A Week Entertainment
By 8Days A Week Entertainment