အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 May, 2013

မန္တလေးတွင် မိုးရွာသွန်းမှုနှင့်အတူ မိုးသီးများကြွေကျ

မန္တလေးတွင် မေ ၉ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က မိုးများရွာသွန်းနေရာမှ မိုးသီးများ ကြွေကျခဲ့ပြီး သစ်ကိုင်းခြောက်များ ကျိုးကျခြင်း၊ နေအိမ်အချို့ မှန်ကွဲခြင်းများ၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

... ''မိုးကပုံမှန်လောက်ပါပဲ။ ရွာနေရင်းကနေ ရုတ်တရက် မိုးသီးတွေ ငါးမိနစ်လောက် ဆက်တိုက်ကျလာတယ်။ တချို့နေရာတွေမှာ မိုးမရွာဘဲ မိုးသီးတွေ ချည်းကျတာ။ ဆီးဖြူသီး အရွယ်လောက်ရှိတယ်။ မိုးလည်းရွာ မိုးသီးကျတာလည်း ရှိတယ်။ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်က အိမ်တွေ မှန်ကွဲတာမျိုးတွေရှိတယ်'' ဟု ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

''မိုးရွာ၊ မိုးသီးကြွေပြီး ချက်ချင်းဆိုသလို နေပြန်ပွင့်သွားတယ်။ ဆီးဖြူသီးလုံး အရွယ် မိုးသီးတွေ ကြွေကျပေမယ့် ပတ်ဝန်းကျင်က အေးမသွားဘူး။ ပူတာပါပဲ'' ဟု မဟာနွယ်စင်ရပ် နေထိုင်သူ မမီးငယ်က ပြောပါသည်။

ယင်းသို့ မိုးရွာသွန်း မိုးသီးကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် မြို့သစ်ရပ်ကွက် အတွင်းရှိ ဈေးဆိုင်အချို့တွင် ခေါင်မိုးလန်သွားခြင်းများ၊ ကျုံးနံဘေးရှိ သစ်ကိုင်းအချို့ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် ယမန်နေ့ (မေလ ၈ ရက်) ကလည်း မွန်းလွဲ ၂ နာရီဝန်းကျင်က မြို့နယ်အချို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...