မော်လ်တာနိုင်ငံအလံ လွှင့် ထူထားသည့်Rio Gold အမည် ရှိ ကုန်တင်ရေယာဉ်သည် မေ ၅ ရက် နံနက် ၅ နာရီခွဲခန့်တွင် ကိုကိုးကျွန်းအရှေ့မြောက်ဘက်
၄၃ မိုင်ခန့်အကွာ ပါလီပါလဲ့ကျွန်း တောင်ဘက်တွင် သောင်တင် လျက်ရှိကြောင်း၊
ဧရာဝတီရေတပ် စခန်းဌာနချုပ်ရှိ ပင်လယ်ပြင်ရှာ ဖွေကယ်ဆယ်ရေး ပေါင်းစပ်ညှိ
နှိုင်းကွပ်ကဲမှုဌာနချုပ် (Maritime Rescue Coordination ...Centre)
မှ အချက်ပြကြေးနန်း(Distress Message)ရရှိသည့်အတွက် ဟိုင်း ကြီးကျွန်းရှိ
တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၅၅၆)အား လိုအပ် သော အကူအညီများနှင့် ကယ်
ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ရန် စေလွှတ်ခဲ့ရာ
သောင်တင်ရေယာဉ်အနီးသို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိ ပြီး
ကူညီကယ်ဆယ်ရေးလုပ်ငန်း များ စတင်ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါသင်္ဘောသည် ဘိ လပ်မြေ ၃၅၂၀၀ တန် တင် ဆောင်၍ ဧပြီ ၂၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ခွာလာစဉ် သောင်တင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရေယာဉ်ပေါ်တွင် သင်္ဘောသား ၂၄ ဦးလိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။
အောင်ကောင်းစီ
The Hot News
အဆိုပါသင်္ဘောသည် ဘိ လပ်မြေ ၃၅၂၀၀ တန် တင် ဆောင်၍ ဧပြီ ၂၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ခွာလာစဉ် သောင်တင်ခဲ့ခြင်းဖြစ်ကြောင်
အောင်ကောင်းစီ
The Hot News