အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 May, 2013

ကိုယ့်အတွက် အကျိုးရှိစေမယ့် လေ့လာမှုအမြဲ လုပ်တယ်ဆိုတဲ့ ဆုပန်ထွာ

မငယ် အခု ဒုတိယ စီးရီး  ထွက်ဖို့ ပြင်ဆင် နေပါတယ်။ ဒီအနုပညာ လောကထဲ ဝင်လာတာ ကြာပြီ ဆိုပေမယ့် အနုပညာ ဝမ်းစာပြည့် အောင်တော့ ကြိုးစား နေရတုန်းပါ ပဲ။ ဘယ်လို ဇာတ်ကားမျိုးပဲ ဖြစ်ဖြစ် ကိုယ့်ဆီ လာပြီဆိုရင် သေချာရွေး ချယ်ပြီးမှ ရိုက်လေ့ ရှိပါတယ်။ မငယ် ပါဝင်ရမယ့် နေရာနဲ့ ဇာတ်မှာ ပါဝင်မယ့်သူ အားလုံးကို သေချာ လေ့လာပြီးမှ မငယ်ရိုက်တယ်။ အဲ ဒီလို ဇာတ်ကားတွေ ရိုက်ပြီး၊ သီချင်း ဆိုပြီး ရလာတဲ့ ငွေတွေထဲကနေ ပရ ဟိတလုပ်ဖို့ အမြဲဖယ် ထားတယ်။ လက်လှမ်း မီသလောက် ကိုယ်နိုင်တဲ့ ပရဟိတတွေကို စိတ်ရော၊ လူရော ထည့်နစ်ပြီး လုပ်တယ်။ ပရိသတ် တွေအတွက်လည်း ဒီအနုပညာ လမ်းကြောင်း ပေါ်မှာ မငယ်မှန်မှန် ကန်ကန်နဲ့ တစ်သက်လုံး ကြိုးစား သွားမှာပါ။ ဖက်ရှင်ပိုင်း အနေနဲ့ မ ငယ်ဆံပင်ပုံစံကို အမျိုးမျိုး ပြောင်းခဲ့ တော့ ဆံပင်တွေက အရမ်းပျက်စီး နေတယ်။

အဲဒါကြောင့် ဆံပင်တွေ ကို အခုသေချာ ပြန်မွေးနေပါတယ်။ နိုင်ငံခြားကို သွားရောက်ဖျော်ဖြေ တဲ့အခါ သူများနိုင်ငံရဲ့ ဖျော်ဖြေ ပွဲတွေကိုလည်း အချိန်ရရင် ရသလို ကြည့်ဖြစ်တယ်။ လေ့လာတယ်။ အဆိုတော် တွေရဲ့ သီချင်း ဆိုတဲ့ပုံစံ၊ အဝတ်အစား၊ Music အကုန်လုံး ကို ဂရုတစိုက်နဲ့ကြည့်တယ်။ အား ပေးတယ်။ အနုပညာ သမားတစ် ယောက်က လေ့လာမှုအားကောင်း ရမယ်လို့ မငယ်ထင်တယ်။ အဲဒါ ကြောင့် ဘယ်နေရာ ကိုပဲရောက် ရောက် ကိုယ့်အတွက် အကျိုးရှိစေ မယ့် ဗဟုသုတတွေကို မငယ်လေ့ လာပြီး ပရိသတ်တွေ အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေပါတယ်။ မငယ်ဇာတ်ကားတွေ ရိုက်ထားတာ တွေလည်း ထွက်ဖို့ရှိ တယ်။ အားပေးပါဦး။

By 8Days A Week Entertainment

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...