အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 May, 2013

ဟာသဇာတ်ကားတွေ ခေတ်စားလာပေမယ့် ဝမ်းမသာရဘူးဆိုတဲ့ ကျော်ထူး

ဟာသဇာတ်ကားတွေ ခေတ်စားလာပေမယ့် ဝမ်းမသာရဘူးဆိုတဲ့ ကျော်ထူး
ဦးကျော်ထူးက ဒရာမာရိုက် ဖူးတယ်။ တစ်ခါက စာရောက်လာတယ်။
...
ဦးကျော်ထူး ငိုတာ သနား စရာ မကောင်းလို့ နောက်ငိုတဲ့ ကားမရိုက်ပါနဲ့။ ရယ်စရာ ဖြစ်နေ တယ်တဲ့။ တကယ်တော့ ဒရာမာ က မခက်ဘူး။ ဟာသက ခက်တာ။ ငို တာက ငိုလို့ရတယ်။ ဖိုက်တင်က လည်း နှစ်ကွက်သုံးကွက် သင်လိုက် ရင်ရတယ်။ တကယ် ခက်တာက ဟာသ ခက်တာ။ ဟာသ ဇာတ်ကား တွေခေတ်စား လာပေမယ့် ဝမ်းမသာ ရဘူး။ ဟာသ အကုန်လုံးက နာမည် ကြီးမင်းသား၊ မင်းသမီးတွေက ရိုက် နေရတယ်။ လူရွှင်တော် တွေက မ ရိုက်ရဘူး။ လူရွှင်တော် တပည့်မွေး ထုတ်ဖို့ အစီအစဉ် ရှိလားဆိုတော့ ရည်ရွယ် ထားတယ်။ အရင်က တပည့် လေး၊ ငါး၊ ခြောက်ယောက် မွေးထုတ်ပေး ဖူးတယ်။ အရပ်သား ဘဝကနေ လူရွှင်တော် ဘဝရောက် အောင် မွေးထုတ် ပေးဖူးတယ်။ ခက် တာက ဒီဘက်ခေတ်မှာ မွေးထုတ် ဖို့က အင်မတန် ခဲယဉ်းတယ်။

ဘာ ကြောင့်လဲဆိုတော့ ကိုယ့်ထက်တတ် တဲ့သူတွေကပဲ များနေတယ်။ အဲဒီ တော့ အသက်ကြီးလာရင် စာရေး ဆရာဘဝနဲ့ ရပ်တည်သွားဖို့ပဲ မျှော် လင့်တယ်။ ခက်တာက နိုင်ငံမှာ စာဖတ်တဲ့ လူဦးရေ တော်တော်နည်း တယ်။ လူငယ်တွေရဲ့ အာရုံက တစ် ခုခုဘက်လှည့်ထားတယ်။ ဂိမ်းတို့ ဘိလိယက်
တို့ဆိုတော့ စာပေဘက် စိတ်ဝင်စားမှုမရှိတော့ဘူး။ စာဖတ် ပရိသတ်က နည်းသွားတယ်။ စာ ဖတ်သူရှိမှ ထုတ်ဝေသူက ရှိမှာလေ။ စာဖတ်သူလည်း
မရှိ ထုတ်ဝေသူ လည်းမရှိဘူးဆို ဦးကျော်ထူးတို့လည်း ဘာမှမတတ်နိုင်
ပါဘူး။

8 Days News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...