အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 May, 2013

PR စနစ်သည် မြန်မာနိုင်ငံနှင့်မသင့်လျော်သေးဟု ကျားဖြူဉက္ကဌပြော

အချိုးကျ ကိုယ်စားလှယ် (Proportional Representation) PR စနစ်သည် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ မြန်မာ့တိုင်းရင်းသား လူထု အခြေ အနေနှင့် မသင့်လျော်သေး ဟု ကျားဖြူပါတီ ဉက္ကဌ ဦးစိုင်း အိုက်ပေါင်း က ပြောပါသည်။
“ကျနော်တို့တိုင်းပြည်က ဒီမိုကရေစီစနစ်က သက်တမ်းအရမ်းနုနေသေး တယ်။ တိုင်းရင်းသား လူထု လဲ အဲဒီအကြောင်း ဗဟုသုတ မရှိသေးဘူး။ ကျနော်တို့ တိုင်းပြည်နဲ့ PR စနစ် မသင့်တော်သေးဘူး။ ဗမာစာသုံး ဗမာ စကားပြောတဲ့ မြေပြန့်ဒေသကိုတော့ မဆိုလိုဘူးနော်” - ဟု သျှမ်းပြည်အစိုးရ သတ္တုတွင်းဝန်ကြီး ဌာန ဝန်ကြီး၊ ကျားဖြူပါတီ ဉက္ကဌ စိုင်းအိုက်ပေါင်း က ပြောပါသည်။

နောက်တကြိမ် ပြည်ထောင်စု လွှတ်တော် ပြန်ခေါ်လျှင် လက်ရှိ အာဏာ ရ မြန်မာ အစိုးရက PR စနစ် အသုံး ပြုမည့်အကြောင်း လွှတ်တော်အတွင်းေ ဆွးနွေးဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြပါသည်။

“အင်္ဂလိပ်တို့၊ ပြင်သစ်တို့၊ ဂျာမဏီတို့က ဒီမိုကရေစီတိုင်းပြည်ဖြစ်လာ တာ နှစ်ပေါင်း လေးငါးခြောက်ဆယ် လောက်ရှိပြီလေ။ ကျနော်တို့က အခုမှ စလာတာ။ ရွေးကောက်ပွဲအတွေ့အကြုံလဲ သိပ်မရှိသေးဘူး။ ကျ နော်တို့ အနေတော့ မနှစ်သက်ဘူး၊ အဲဒီစနစ်ကို လက်မခံဘူး” - ဟု ကျားဖြူပါတီ ဉက္ကဌ စိုင်းအိုက်ပေါင်း ပြောပါသည်။

PR (Proportional Representation) ခေါ် အချိုးကျကိုယ်စားလှယ်စနစ် အား အသုံးပြုမည်ဆိုပါက - ဥပမာ လွှတ်တော်အမတ် ၁၀ ဦး အလိုရှိပြီး ယှဉ်ပြိုင်ပါတီ ၅ ပါတီ၊ ပါတီတခုက ၅၀% ၊ ကျန်ပါတီ နှစ်ခုအနက် တခုက ၃၀% ၊ ၂၀% ဖြင့် ထောက်ခံ မဲများရရှိလျှင် - ၅၀% ဖြင့်ထောက်ခံမဲရရှိသည့် ပါတီက ကိုယ်စားလှယ် ၅ ဦး၊ ၃၀% ခိုင်နှုန်းရရှိသည့် ပါတီက ၃ ဦး၊ ၂၀ % ခိုင်နှုန်းရရှိသည့်ပါတီက ၂ ဦး အောင်နိုင်သူများအားရွေးချယ် ရ မည် ဖြစ်သည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားသည့်မြို့နယ် အသီးသီးမှ ပညာတတ်လူငယ် ၅ ဦးစီ စာရင်းကောက်ကာ ကိုယ်စား လှယ်လောင်း များ စိစစ်နေကြောင်း ကြားသိရပါသည်။

သျှမ်းသံတော်ဆင့်
ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်း

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...