အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 May, 2013

ထားဝယ် အထင်ကရ ကမြောကင်း တံတားမှာ ကျောင်းဆရာမ တစ်ဦး ခုန်ချ၌ အဆုံးစီရင်မှု ဖြစ်ပွား

ထားဝယ်မြို့ ၏ အထင်ကရ တံတား တစ်စင်း ဖြစ်သော ကမြောကင်း တံတား ပေါ်တွင် မေလ ၂၁ ရက်နေ့  မွန်းလွဲပိုင်းက အမျိုးသမီး တစ်ဦး တံတား ပေါ်မှ ခုန်ချပြီး အဆုံး စီရင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အလောင်းကိုညနေ ၅ နာရီကျော်အထိ ရှာဖွေ နေသော်လည်း မတွေ့ ရှိ ရသေးကြောင်း သိရသည်။တံတားပေါ်မှ ခုန်ချ ခဲ့သူ အမျိုးသမီးမှာ ထားဝယ်မြို့ ပေါ်မှ ဖြစ်ပြီး ကျောင်းဆရာမ တစ်ဦး ဖြစ်ကြောင်း၊ တည်ငြိမ် အေးဆေးစွာ နေတတ်သူ တစ်ဦး ဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ယခု ကဲ့သို့ ခုန်ချ ခဲ့သည်ကို မသိရှိကြောင်း ကာယကံရှင် မိသားစုများ ထံမှ သိရှိ ရသည်။ လွန်ခဲ့သော ၁၀ နှစ်ခန့် ကလည်း အဆိုပါ တံတားပေါ်မှ ကျောင်းဆရာမ တစ်ဦး ခုန်ချ၍ အဆုံးစီရင်ခဲ့ပြီး ၁ ပတ်ခန့် အကြာမှ အလောင်းကို ထားဝယ်မြစ်တွင်း ပြန်လည် ရှာဖွေတွေ့ ရှိခဲ့ဖူးကြောင်းသိရှိရသည်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...