အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 May, 2013

၂၀၀၈ နာဂစ် / ၂၀၁၃ မဟာစင် နှင့် အနောက်ပိုင်းရေပြင် သံတမန်

မကြာမီရက်များအတွင်း မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရ သည် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေး Ship Visit သွားရောက်တော့မည်ဖြစ်ကြောင်း ကြားသိရပါသည်။
 အချိန်အခါအားဖြင့် မြောက်ဘက်သို့ အချိုးပြောင်း၍ ဘင်္ဂလားအတွင်း ဝင်ရောက်ခဲ့သော မဟာစင် ဆိုင်ကလုန်မုန်တိုင်း ပြီးစချိန်နှင့် တိုက်ဆိုင်နေ၍ ထင်ထင်ရှားရှားမှတ်မိနေသော အခြေအနေတစ်ခုကိုလည်း သတိတရ ရှိနေပါသည်။ ၂၀၀၈ ခုနှစ် မေလ (၂) ရက် နှင့် (၃) ရက်တွင် မြန်မာနိုင်ငံသို့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် မကြုံဘူး မတွေ့ဘူးလောက်အောင် နိုင်ငံ၏ ရာဇဝင်သမိုင်းတွင် သဘာဝကပ်ဘေးဆိုးကြောင့် ကံကြမ္မာဆိုးခဲ့ရသည်။ ပြည်သူလူထု၏ အသက်သွေးချွေးနှင့် စည်းစိမ်ဥစ္စာများ၊ တိုင်းပြည်၏ အခြေခံအဆောက်အဦများ အပါအဝင် ပြည်သူ့ဘဏ္ဍာပစ္စည်းများ နှင့်အတူ တပ်မတော်(ရေ)မှ အရာရှိ/စစ်သည်နှင့် စစ်ရေယာဉ်အချို့ ဖိတ်စင်ဆုံးရူံးခဲ့ရပြီး အများအပြားထိခိုက်ပျက်စီး၍ ဒဏ်ရာအနာတရများ ရရှိခဲ့ကြပါသည်။သမိုင်းသွေးစွန်းခဲ့သော အနိဋ္ဌာရုံများဖြင့် ရင်ဆိုင်ခဲ့ကြသည်။ သို့ရာတွင် အမျိုးသားစည်းလုံးမှုဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြသဖြင့် ယနေ့အခြေအနေသို့ လျင်လျင်မြန်မြန် ရောက်ရှိခဲ့ပြီး သမိုင်းအိမ်မက်ဆိုးအား အမျိုးသားရေးသတိအဖြစ် အသွင်ပြောင်းနိုင်ခဲ့ပါသည်။ဤအတွက် မဟာစင်သည် သက်သေတစ်ခု ဖြစ်ပါသည်။

ထိုအခြေအနေ ထိုကာလတွင် ၂၀၀၈ ခုနှစ် မေလ (၁၂)ရက်နေ့၌ ဘင်္ဂလားဒေ့ရှ်ရေတပ်သည် BNS Osman စစ်ရေယာဉ်ပေါ်မှ C-802 ship to ship Missile အား Bay of Bengal အတွင်း အောင်မြင်စွာ စမ်းသပ်ပစ်ခတ် ပြခဲ့သည့်အပြင် နောက်ပိုင်းတွင်လည်း Dispute Waters Area ၌ Intrusion ဆန်သော Offensive Action များ ပြုလုပ်၍ မိမိတို့အား ပွဲလန့်တုန်း ဖျာခင်းသည့် နာဂစ်လက်ဆောင်များ ပေးခဲ့ကြပါသည်။ ထိုအတွက် ယခုရောက်နေသော မိမိတို့၏ နေရာမှ နောက်လှည့်ကြည့်လျင်ပင် ယင်းဖြစ်စဉ်များသည် ခက်ခဲခဲ့သော လှေကားထစ်များ အဖြစ် တွေ့မြင်နေရပါသည်။

ယနေ့မြင်ကွင်းသည် ဤသို့နှယ် မဟုတ်တော့ပါ။ မဟာစင်ပြီးစ ဘင်္ဂလားသို့ ရွက်လွှင့်မည့် အနောက်ပိုင်းရေပြင် သံတမန်သည် နှစ်နိုင်ငံကြား ပြဿနာ အစွန်းအထင်းများ ရှိနေလင့်ကစား မြန်မာပီသမှု ၊ အိမ်နီးချင်းကောင်း ပီသမှုတို့ဖြင့် ချစ်ကြည်ရင်းနှီမှု စာနာနားလည်မှု အရင်းခံ၍ ခေတ်သစ် Naval Diplomacy မှတ်တိုင်တစ်ခု စိုက်ထူနိုင်ပါလိမ့်မည်။ ထို့အတူ လှေကားထစ်များမှပေးခဲ့သော သတိ နှင့် အသင့်သည်လည်း မိမိတို့ ရေတပ်သားများ၏ နှလုံးသားများထက်တွင် အစဉ်အမြဲ ရှိနေကြပြီ ဖြစ်ပါသည်။

မောင်ဝါဆို

Myanmar Navy
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...