အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 May, 2013

အီရတ်ဗုံးခွဲ တိုက်ခိုက်မှု လူအများအပြား သေဆုံး


အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်နဲ့ ဘာစရာ မြို့တို့မှာ ကားဗုံးခွဲ တိုက်ခိုက်မှု အများ အပြား ဖြစ်ပွား ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံး သွားပြီး၊ တခြား လူ ၂၀၀ ဒဏ်ရာ ရရှိသွားကြပါတယ်။
ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင်တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်။
မြို့တော်မှာ အနည်းဆုံး ဗုံး ၉ လုံးပေါက်ကွဲ ခဲ့ပြီး၊ ဘတ်စကား ဂိတ်တွေနဲ့ လေဟာပြင် ဈေးတွေကို ပစ်မှတ်ထား ဖေါက်ခွဲ ခဲ့ကြတာ ဖြစ်ပါ တယ်။

တောင်ပိုင်း ဘာစရာ မြို့မှာတော့ ကားဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ၊ စားသောက်ဆိုင် တဆိုင်နဲ့ ဘတ်စကား ဂိတ် တခုကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ တာပါ။

စနေနေ့ ကတော့ နိုင်ငံ အနောက်ဘက် အန်ဘာ ပြည်နယ်မှာ ပြန်ပေးဆွဲ ခံခဲ့ ရတဲ့ ရဲ ၁၀ ဦးလည်း သေဆုံးလျက် ပြန်တွေ့ရ ပါတယ်။

ဘဂ္ဂဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ အခု ဖြစ်ပွား နေတဲ့ ဂိုဏ်းဂဏကွဲ တိုက်ခိုက် မှုတွေဟာ ငါးနှစ် အတွင်း ဒါ အဆိုးဝါးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
ထိခိုက် သေဆုံးသူ အများစုဟာ ရှီယာ မွတ်ဆလင် တွေ ဖြစ်ကြ တယ်လို့ ယူဆရပါတယ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...