အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 May, 2013

လယ်ယာမြေ မှတ်ပုံတင်ခွင့်မရ

လယ်ယာမြေ ဥပဒေ အတည်ဖြစ်ပြီးနောက် လယ်သမားတွေအနေနဲ့ သူတို့လုပ်ကိုင်နေတဲ့ လယ်တွေကို မှတ်ပုံတင်ခွင့်ပေးနေပြီဖြစ်ပေမယ့် တကယ့်အောက်ခြေမှာတော့ လယ်သမားအများစု မှတ်ပုံတင်ခွင့် မရသေးဘူးလို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မစုစုနွေးက ဒီဗွီဘီကို ပြောပါတယ်။

လယ်သမားတွေအနေနဲ့ လယ်ယာမှတ်ပုံတင်ဖို့ သက်ဆိုင်ရာ ရုံးတွေကိုသွားတဲ့အခါ အောက်ခြေ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက မှတ်ပုံတင်ရင် ရေးသားဖြည့်စွက်ရတဲ့ ပုံစံ ၁ စာရွက် တွေကို အထက်က ချမပေးသေးဘူးလို့ အကြောင်းပြကြောင်း ဆိုပါတယ်။

ဒီလို မှတ်ပုံတင်ခွင့် မရတာဟာ လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်သမားတွေတင်မက အခြား လယ်သမားတွေပါ ကြုံနေရတယ်လို့ သူက ရှင်းပြပါတယ်။

ရန်ကုန်မှာဆိုရင် ကော့မှူး၊ ထန်းတပင်၊ လှိုင်သာယာမြို့နယ်က လယ်သမားတွေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်က လယ်သမားတွေလည်း မှတ်ပုံတင်ဖို့ ခက်ခဲနေတယ်လို့ မစုစုနွေးက ပြောပါတယ်။

 by ဒီဗွီဘီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...