မြောက်ကိုးရီးယားနိုင်ငံက
ကုလသမဂ္ဂနဲ့ တောင်ကိုးရီးယားနိုင်ငံရဲ့ သတိပေးမှုကို ဂရုမစိုက်ပဲ နောက်ထပ်
တာတိုပစ်တဲ့ ဒုံးကျဉ် နှစ်စင်းကို ဂျပန်ပင်လယ်ထဲ ထပ်မံပစ်လွှတ်လိုက်တယ်လို့
သိရပါတယ်။
အခုဆိုရင် သုံးရက်အတွင်းမှာ မြောက်ကိုးရီးယားနိုင်ငံက အရှေ့ ကမ်းရိုးတန်း သမုဒ္ဒရာထဲကို ပစ်လွှတ်လိုက်တဲ့ တာတိုပစ် ဒုံးကျဉ် ခြောက်စင်း ရှိသွားပြီဖြစ်ပါတယ်။
မြောက်ကိုးရီးယားနိုင်ငံက အခုလိုမျိုး ပစ်လွှတ်မှုတွေဟာ ဒုံးကျဉ်ပစ်လွှတ် စမ်းသပ်ပစ်လွှတ်တဲ့ သင်တန်းလေ့ကျင့်မှုဖြစ်တယ် လို့ ဆိုပါတယ်။ မြောက်ကိုးရီးယားနိုင်ငံကို အခုလို ဒုံးကျဉ်ပစ်လွှတ်မှုဖြစ်အောင် တကယ်လှုံ့ဆော်ခဲ့အကြောင်းအရာ က အမေရိကန်နဲ့ တောင်ကိုးရီးနိုင်ငံက နယ်စပ်ဒေသမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့အ တွက်ဖြစ်တယ်လို့ ဆိုပါတယ်။
အကြာသေးခင်ကပဲ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြောက်ကိုးရီးယားနိုင်ငံကို ဒုံးကျဉ်ပစ်လွှတ် စမ်းသပ်မှုတွေကို ရပ်တန့်ဖို့နဲ့ စားပွဲဝိုင်းပေါ် ပြန်လည် ညှိနှိုးဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ABC Radio Australia
မြောက်ကိုးရီးယားနိုင်ငံက သုံးရက်အတွင်းမှာ တာတိုပစ် ဒုံးကျဉ်သုံးစင်း ပစ်လွှတ်
အခုဆိုရင် သုံးရက်အတွင်းမှာ မြောက်ကိုးရီးယားနိုင်ငံက အရှေ့ ကမ်းရိုးတန်း သမုဒ္ဒရာထဲကို ပစ်လွှတ်လိုက်တဲ့ တာတိုပစ် ဒုံးကျဉ် ခြောက်စင်း ရှိသွားပြီဖြစ်ပါတယ်။
မြောက်ကိုးရီးယားနိုင်ငံက အခုလိုမျိုး ပစ်လွှတ်မှုတွေဟာ ဒုံးကျဉ်ပစ်လွှတ် စမ်းသပ်ပစ်လွှတ်တဲ့ သင်တန်းလေ့ကျင့်မှုဖြစ်တယ် လို့ ဆိုပါတယ်။ မြောက်ကိုးရီးယားနိုင်ငံကို
အကြာသေးခင်ကပဲ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြောက်ကိုးရီးယားနိုင်ငံကို
ABC Radio Australia
မြောက်ကိုးရီးယားနိုင်ငံက သုံးရက်အတွင်းမှာ တာတိုပစ် ဒုံးကျဉ်သုံးစင်း ပစ်လွှတ်