မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်ပွဲတော်ပြုလုပ်မည်
၂၀၁၁ခုနှစ် က လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးသွားခဲ့ရသည့်
တာလေမြို့နယ်ခွဲ မိုင်းလင်းအနောက်အုပ်စု တော်ကော့ကျေးရွာ
ကက်သလစ်သာသနာကျောင်းဝင်းရှိ "သုံးပါးတစ်ဆူဘုရားကျောင်း"အား ယခုခါမှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တာကြောင့် အလှူရှင်များအနေဖြင့် ရေစက်ချလှူဒါန်းပွဲနှင့် မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်ပွဲတော် ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံကက်သလစ်သာသနာပိုင်
ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ် ကျာခူအား အမှုးထားပြီး
မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့
ပါလျှံရပ်ကွက်နေ ဦးဖရန်စစ် စိုင်းထွန်းရီ နှင့် ဒေါ်မာဒါလေးနာ
နန်းဝိုးကျန်တို့၏ မိသားစုဝင်များမှ စုပေါင်းဆောက်လုပ်လှူဒါန်းထားသော သုံးပါးတစ်ဆူဘုရားကျောင်းအား
ဖွင့်လှစ်ခြင်း အလှူတော်မင်္ဂလာကို (၂၅.၅.၂၀၁၃)ရက်နေ့မှ (၂၇.၅.၂၀၁၃)ရက်နေ့ထိ
ပြုလုပ်မှာဖြစ်ပြီး အဆိုပါ ဖွင့်ပွဲသို့ ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ်
ကျာခူ နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်မှာဖြစ်ကြောင်း သိရသည်။
Tachileik
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်