အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 May, 2013

အချစ်တွေနဲ့ တူနှစ်ကိုယ်ဘဝခရီးလမ်းကို ဆေးရောင်ခြယ်ကြမယ့် ရဲလေးနဲ့ အေးမြအောင်တို့ရဲ့ ချစ်ခွန်းဖွဲ့စကားသံများ


တေးသံရှင်ရဲလေးက သူ့ဘဝရဲ့ လက်တွဲဖော်ဖြစ်တဲ့ အေးမြအောင်နဲ့အတူ ဖေဖော်ဝါရီ ၂၆ရက်နေ့က နှစ်ဖက် မိဘများရှေ့မှာ လက်မှတ်ရေးထိုး လက်ထပ်ပြီး သူတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးကို တည်ဆောက်လိုက်ပါ ပြီ။ နှစ်ယောက်တစ်ဘဝကို တည်ဆောက်လိုက်ကြတဲ့ ရဲလေးနဲ့ အေးမြတို့ရဲ့ ကြည်နူးဖွယ်စကားသံများကိုလည
်း မေးမြန်းတင် ဆက်လိုက်ပါတယ်။

ရဲလေး အိမ်ထောင်ဖက်ရွေးချယ်
ကျွန်တော်တို့ မိတ်ဆွေလို ခင်တာ ကြာပါပြီ။ ၅ နှစ် ကျော်ရှိပါ ပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ချစ်သူ သက်တမ်းက ၁နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒီခေတ်ကြီးထဲမှာ မိန်းကလေး တွေကများတယ်။ ယောက်ျားလေး တွေလည်းများတယ်။ ဒါပေမဲ့ ယောက်ျားကောင်းတစ်ယောက် ရဖို့၊ မိန်းမကောင်း တစ် ယောက်ရဖို့တော်တော် ခက်ခဲတဲ့ခေတ်ကြီး ဖြစ်နေတယ်။ ထူးသဖြင့် ကျွန်တော်တို့လို လူမျိုးက ပိုပြီးခက်ခဲသွားပြီ။ ကျွန်တော်တို့လို လူမျိုးကို တကယ်ယုံကြည်ကြည်နဲ့ ဘဝတစ်ခု ပုံအပ်နှင်းမယ့် မိန်းကလေးက တော် တော်ရှားသွားပြီ။ အဲဒီအားလုံးထဲမှာမှ ကျွန်တော်သံယောဇဉ်အရှိဆုံးလူ၊ ကျွန်တော် လက်တွဲလို့ရတဲ့ လူတစ်ယောက်ကို ရွေးချယ် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့လို လူမျိုးဆိုတာက အဆိုတော်တွေဖြစ်တဲ့၊ ပရိသတ် အားပေးတဲ့၊ ပရိသတ်နှစ်ခြိုက်တဲ့ ပရိသတ်

မေတ္တာကိုခံယူနေရတဲ့လူတွေကိုပြောတာပါ။ အချစ်နဲ့ နားလည်မှု

နားလည်မှုကတော့ အများကြီးယူရပါတယ်။ အခုထိလည်း ယူနေရတုန်းပဲ။ နောက်လည်းထပ်ယူရဦးမှာပဲ။ အပြောင်း အလဲတွေက အများကြီးဖြစ် တာပေါ့။ လူပျိုဘဝနဲ့ အိမ်ထောင်သည်ဘဝနဲ့ မတူဘူးဆိုတာ ကိုယ်ကိုယ်တိုင် လက်တွေ့ကြုံလာမှသိလာရတာပေါ့။ အနေ အထိုင်အပြော အဆိုက အစပေါ့။ အားလုံးဆင်ခြင်ရပါတယ်။ လူပျိုဘဝတုန်းက နေချင်သလို နေလို့ရတာပေါ့။ ကိုယ်တစ်ယောက်တည်းအတွက်ပဲ ကြည့်ရတာလေ။ အခုကျတော့ သူ့မိသားစုဘက်၊ကိုယ့်မိသားစုဘက်အကုန်ကြည့်ရတာပေါ့။လောလောဆယ်တော့ ကျွန်တော်တို့ ဟန်းနီးမွန်းကိုတော့ စင်ကာပူကို သွားဖို့ ရွေးထားပါတယ်။ စီစဉ်နေပါပြီ။ အားလုံးက ကိုယ်ကိုယ် တိုင်စီစဉ်နေရတဲ့ ပွဲတွေဖြစ်သလို၊ အခုလည်း ကိုယ်တိုင်ပဲ စီစဉ်နေရတာပါပဲ။

အေးမြအောင်
ယုံကြည်မှုနဲ့ လက်တွဲဖော်
ကိုရဲလေးကို တကယ်မေတ္တာရှိလို့ပါ။ ချစ်လို့ပါ။ မြန်မာသီချင်းတွေ သိပ်မသိဘူး။ သိပ်လည်း နားထောင်လေ့တော့ မရှိပါဘူး။ ဒါပေမဲ့ ကိုရဲနဲ့ ခင်တာ တော့ ကြာလှပြီ။ တစ်ယောက် အကြောင်းလည်း တစ်ယောက်သိတာကြောင့်လက်တွဲဖော် အဖြစ် ရွေးချယ်ဖြစ်သွားတာပါ။ လူဆိုတာ ဘယ် အလုပ်ပဲလုပ်လုပ် အကျင့်စာရိတ္တပဲ အရေးကြီး တယ်။ ကိုရဲလေးက အကျင့် စာရိတ္တကောင်းမွန်တဲ့ယောက်ျားတစ်ယောက် ဆို တာအပြည့်အဝ ယုံကြည်လို့ လက်တွဲတာပါ။ အိမ်ထောင်တစ်ခုမှာ ချစ်တာအရေးကြီးဆုံးပါပဲ။အချစ်ရှိဖို့ လိုတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်ဖို့ ကလည်း လိုအပ်တယ်လေ။ ညှိ နှိုင်းရင်းနဲ့ အားလုံးအဆင် ပြေသွားမှာပါ။

ခင်ပွန်းသည်အတွက် ပါရမီဖြည့်မယ်

သူလိုတာရှိရင် ပါရမီဖြည့်ဖို့ပဲ သိပါတယ်။ သူ့အလုပ်တွေကို ဝေဖန် ပေးဖို့တော့ နားမလည်ပါဘူး။ သူ့ဝါသနာအရ သူ့အနုပညာ သူလုပ်တာပဲလေ။ သူလုပ်စရာရှိတာတွေ လုပ်မှာပဲ။ သူလိုအပ်တာတွေကို ဝိုင်းလုပ်ပေးဖို့ပဲ ရှိတယ်။ကျန်တာတော့ နားမလည်ပါဘူး။

ခိုင်ဝေလွင်

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...