ထိုင်းနိုင်ငံတွင်
၂၀၁၀ ပြည့်နှစ် မေလက ဆန္ဒပြသူ များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များကြား
ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ကြီး၏ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ရှပ်နီ
ဆန္ဒ ပြသူပေါင်း ၁၂၀၀၀ ဦးခန့်သည် ဗန်ကောက်မြို့၌ စုရုံးခဲ့ကြ သည်ဟု မေ ၁၉
ရက်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
... ၂၀၁၀ ပြည့်နှစ် မေလတွင် ဖြစ်ပွားခဲ့သည့် အပြန်အလှန် တိုက်ခိုက်မှု များတွင် လူပေါင်း ၉၀ ဦး သေဆုံး ခဲ့ရပြီး ၁၉၀၀ နီးပါး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ တတိယ အကြီးဆုံး ရှောပင်းမောလ်ကြီး ဖြစ်သော Central World ရှောပင်းမောလ် ကြီးလည်း မီးရှို့ခံခဲ့ ရကြောင်း သိရသည်။
မေ ၁၉ ရက်တွင် ဆန္ဒ ပြသူများ စုရုံးနေသည့် အချိန်၌ ၎င်းရှောပင်းမောလ် ကြီးကို ပိတ်ထား ခဲ့ရပြီး လူအုပ်ကြီးအား ရဲတပ်ဖွဲ့ ၀င်ပေါင်း ၇၅၀ ခန့်က ထိန်းသိမ်းစောင့်ကြည့် ခဲ့ကြ သည်ဟု သိရသည်။
မြ၀တီ