အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 May, 2013

"ဒုတိယသီချင်း အခွေ အတွက် သီချင်းတွေ စုနေပြီ"

စိုးပြည့်သဇင်က သရုပ်ဆောင်တဲ့ဘက်မှာ ပရိသတ်တွေရဲ့ အားပေး မှုရရှိ ခဲ့သလို တေးသံရှင်တစ်ယောက်အနေနဲ့ သီချင်း သီဆိုတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက အဆိုပိုင်းကို ဝါသနာပါ ခဲ့တာဖြစ်ကြောင်းကို စိုးပြည့်သဇင်က“ငယ်ငယ်ကတည်းက ဖေဖေ ကဂစ်တာတီးရင် စိုးပြည့်က သီချင်း ဆိုတယ်။ စကား မပီကလာ ပီကလာနဲ့ လိုက်လိုက်ဆိုတယ်။ အဲဒီထဲက စိုးပြည့်မိ ဘတွေ က စိုးပြည့်ဒါကို ဝါသနာပါမှန်း သိတယ်။ စိုးပြည့်ကို သရုပ်ဆောင်ဖြစ်မယ်လို့လည်းမထင်ဘူး။ တအားကြောက်တတ်တယ်။ တအား ရှက်တတ် တဲ့အခါကျတော့ မင်းသမီး ဖြစ်မယ်လို့ မထင်ဘူး။ အနုပညာ စလုပ်တော့လည်း အဆိုပိုင်း ကို စလုပ်ခဲ့တာပဲ။ တကယ်တမ်း ကျတော့ သရုပ်ဆောင် ဘက်ကိုလည်း စိုးပြည့် တအား ရူးသွပ်ခဲ့တယ်။ သရုပ်ဆောင်ဘက်ကို လုပ်ဖြစ် သွားပြီးတော့ အဆိုဘက်ကိုတော့ မလုပ်ဖြစ် ခဲ့ဘူး။ အခုမှ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ဖြစ်သွားတာ။ နောက် ထပ်လည်း အခွေ တွေထွက်ဖို့ ရှိပါ တယ်သေး တယ်” လို့ ပြောပါတယ်။

ငယ်စဉ်က ဆို၊က၊ ရေး၊ တီးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး မဟာ ဂီတနဲ့ပဲခူးတိုင်း မှာဒုတိယဆု ရရှိခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။

“တကယ် တမ်းကျတော့ စိုးပြည့် အသံက ခေတ်ပေါ်နဲ့ ပိုပြီး လိုက်ဖက် တာပါ။ မြန်မာသံကျတော့ မြန်မာသံ သက်သက်ရှိတယ်လေ။ ဒါပေမဲ့ စိုးပြည့်က ငယ် ငယ်ကတည်းက တအား ဝါသနာပါတော့ ဆို၊ က၊ရေး၊တီး ကိုလည်း ၇တန်း၊၈တန်း လောက် က ၂နှစ်လောက်ပြိုင်ခဲ့ဖူးတယ်။ စိုးပြည့် ငယ် ငယ်တုန်းက ကျောင်းစုံညီ ပွဲတော် တွေမှာ လည်း သီချင်းမဆိုရဘူး ဆိုရင် ဂျီကျတာပဲ” လို့ ပြောပါတယ်။

အဆိုပိုင်းကိုလည်း ဆက်ပြီး ကြိုးစားသွားမှာဖြစ်သလို သရုပ်ဆောင်နဲ့ အဆို ဘက်ကိုမျှပြီး လုပ်သွား မှာဖြစ်ကြောင်း၊ ဒုတိယ အခွေအတွက်လည်း သီချင်း တွေ စုနေပြီဖြစ်ကြောင်း စိုးပြည့်သဇင် ကပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
By Popular Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...