အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 June, 2013

မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားချင်းခိုက်ရန်ဖြစ်ပွား

၃၁-၅-၂၀၁၃ ရက်နေ့(၁၃၃၀)အချိန် မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်း ကျေးရွာ အုပ်စု၊ အုန်းခြံပိုင်းရှိ အမည် မရှိထမင်းဆိုင် တွင် မှော်ဘီ နည်းပညာ တက္ကသိုလ်မှ မောင်ပြည့်စုံအောင်ပါ
ကျောင်းသား(၂)ဦးနှင့် အမည်(စုံစမ်းဆဲ) ကျောင်းသား(၄)ဦးတို့သည် ထမင်းစားရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့လက်ကိုင်ဖုန်းဖြင့် ဓါတ်ပုံရိုက်သည့် ကိစ္စနှင့် ပတ်သက်၍ စကားများကြပြီး
အမည်(စုံစမ်းဆဲ) ကျောင်းသား အဖွဲ့မှ ပြည့်စုံအောင်အား ဖန်ခွက်/ အချိုရည်ပုလင်း တို့ဖြင့်ရိုက်ခဲ့၍ ပြည့်စုံအောင်တွင် ပေါက်ပြဲပွန်းရှ ဒဏ်ရာများရရှိ သဖြင့် ကျောင်းဆေးခန်းမှ တစ်ဆင့် မှော်ဘီဆေးရုံသို့ တင်ပို့ကုသစေ ခဲ့ပါသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မော်ကွန်းထိန်းနှင့် အဖွဲ့မှ ကျောင်း စည်းကမ်းအရ အရေးယူရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...