အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 June, 2013

"ဆင်ဆာမလွတ် ဇာတ်ဝင်ခန်း များတွင် ပထမဆုံး သရုပ်ဆောင်ခဲ့သူ ဘောလီးဝုဒ် မင်းသမီး".

ဘောလီးဝုဒ် မင်းသမီး မာလီကာရှာရာဝပ်သည် အိန္ဒိယ ရုပ်ရှင်လောက၌ ရေကူးဝတ်စုံ ဝတ်၍ သရုပ် ဆောင်သူနှင့် အကြင်နာပေးသည့် ခန်းများ ရိုက်ကူးသူ ပထမဆုံး မင်းသမီးဖြစ်ကြောင်း သူမက ဖွင့်ဟပြော ကြားခဲ့သည်။”အိန္ဒိယ ရုပ်ရှင်မင်းသမီးတွေထဲမှာ ရေကူး ဝတ်စုံဝတ်တာနဲ့ အကြင်နာပေးတဲ့ အခန်းတွေ ပထမ ဆုံးရိုက်တာ ကျွန်မပါ။ အဲဒီလို ရိုက်ပြီးတာနဲ့ ကျွန်မလည်း နာမည် ကြီးလာတာပဲ”ဟု ကိန်း ရုပ်ရှင်ပွဲတော်၌ Variety မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
ရှာရာဝပ်သည် မကြာခင်ဖြန့်ချိမည့် သူမ ပါဝင်သရုပ်ဆောင် ထားသော ”Dirty Politics” ရုပ်ရှင်ဇာတ်ကား အရောင်း မြှင့်တင်ရန် အတွက် ကိန်းရုပ်ရှင် ပွဲတော်သို့ တက်ရောက် ခဲ့ခြင်း ဖြစ်သည်။
၎င်းဇာတ်ကားနှင့် ပတ်သက်ပြီး သူမက ”အိန္ဒိယနိုင်ငံ က အမျိုးသားတွေ နဲ့ယှဉ်ရင် အမျိုးသမီးတွေကို နှိမ်ကြပြီး အောက်ခြေ အဆင့်မှာ သာထားတဲ့ ကြောင်သူတော် လူ့ အဖွဲ့အစည်းပါ။ ဒီ ဇာတ်ကားက နိုင်ငံရေး သမား တစ် ယောက်ရဲ့ ဗလက္ကာယ aစ်ာကားမှုကို ရဲရဲဝံ့ဝံ့ ဖော် ထုတ်တဲ့ အမျိုးသမီး အကြောင်းကို ရိုက်ကူးထား တာပါ” ဟု ပြောကြားသည်။
သူမသည် လတ်တလော၌ အိန္ဒိယနှင့် အမေရိကန် နိုင်ငံတွင် တစ်လှည့်စီ နေထိုင်လျက်ရှိပြီး ဘောလီးဝုဒ် နှင့် ဟောလီးဝုဒ်ကြား သမ မျှတအောင် ရိုက်ကူးရေး ပြုလုပ်လျက် ရှိကြောင်း သိရသည်။

သိင်္ဂီဝင်း
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...