အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 June, 2013

ဒူဘိုင်း ဟိုတယ်တစ်ခုတွင် ရွှေ အိုင်ပတ်များကို မီးနူးစာအုပ်လုပ်

တကယ်ပါ။ ဒူဘိုင်းက ကမ္ဘာ့ဈေးအကြီးဆုံး ကမ္ဘာတစ်ခုတည်းသော ကြယ် ၇ ပွင့် အဆင့်ရှိ ဟိုတယ် Burj Al Arab ဟိုတယ်မှာပါ။ ယူအေအီးက ဆို ပါတော့။ဟိုတယ်ကိုဝင်လိုက်တာနဲ့ လာသမျှဧည့်သည် မိသားစု တစ်ခုဆီတိုင်း ကို ရွှေအိုင်ပတ်ပေးပါတယ်။ အပြီးပေးတာ မဟုတ်ဘူးထင်တယ်။ သိုပေမယ့် အပိုင်လိုချင်ရင်တော့ တစ်ခုကို အမေရိကန်ဒေါ်လာ ၁၅၁၀၀ ပေးရတယ်လို့ ဆိုပါတယ်။
တတိယ မျိုးဆက် iPad 3 ဖြစ်ပြီး 16GB Memory ပါရှိပါတယ်။ ရည်ရွယ် ချက်က ဟိုတယ်မှာ Virtual Guide အနေနဲ့ လုပ်ပေးဖို့ပါ။ ဘယ်လို ဆားဗစ်တွေ ရှိတယ်ဆိုတာက အစ ဖတ်လို့ရမယ်။ ကြည့်လို့ရမယ်။ ဟိုတယ်တွင်းက စားသောက်ဆိုင် ထိုင်ရင်လည်း မီးနူးစာအုပ်လို အသုံးပြုလို့ ရမယ်။ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ တွေ့ရမှာ ဖြစ်ပါတယ်။

ဟိုတယ်တွင်း အသုံးပြုဖို့အတွက် သီးသန့် ဆော့ဖ်ဝဲ တစ်ခု Install လုပ်ပေး ထားခြင်း ဖြစ်ပါတယ်။ အိုင်ပတ်ကို ရွှေကာဗာတပ်ဆင်ထားပေးခြင်းပါ။ ဟိုတယ် လိုဂိုလည်း ပါရှိပါတယ်။ အချို့ ကတော့ ဟိုတယ် အမှတ်တရ အနေနဲ့ ရွှေအိုင်ပတ်ကို တစ်ခါတည်း ဝယ်ပြန်သွားတတ်ကြောင်း သိရပါတယ်။
--
Ref: tech2

Aung Kham (TSJ team)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...