အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 June, 2013

စိတ်ကြိုက်ဖန်တီးမှုတွေနဲ့ ဒုတိယ တေးစီးရီးစီစဉ်နေတဲ့ နန်းဆုရတီစိုး

စိတ်ကြိုက်ဖန်တီးမှုတွေနဲ့ ဒုတိယ တေးစီးရီးစီစဉ်နေတဲ့ နန်းဆုရတီစိုးပရိသတ်ကို ချစ်စဖွယ် အမူအရာလေး တွေနဲ့ ဖမ်စား နေတဲ့ နန်းဆုရတီစိုးက ဒါရိုက်တာ တပြားသု ရိုက်ကူးနေတဲ့ ‘မယားညီအစ်ကို တစ်ဝမ်းကွဲ’ ဇာတ်ကားကို မိုးအောင်ရင်နဲ့ အတူ ပါဝင်သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကား ထဲမှာ နန်းဆု ရတီစိုးက မိုးအောင်ရင်ရဲ့ ဇနီးအဖြစ် သရုပ်ဆောင် ထားပါတယ်။
ဒီဇာတ်ကားလေးက အချစ်ဟာသ ဇာတ်လမ်း လေးဖြစ်ပြီး ပရိသတ် တွေအကြိုက်တွေ့မယ့် ဇာတ်လမ်း
ဖြစ်တယ်လို့ သိရပါ တယ်။ နန်းဆုရတီစိုးက ဇာတ်ကား ရိုက်ရင်းနဲ့ တစ်ကိုယ်တော် အခွေကို လုပ်ဖြစ်နေတယ်လို့ သိရပြီး ဇာတ်ကား ရိုက်ကူးမှုထက် တစ်ကိုယ်တော်အခွေ အတွက်ကို ပိုပြီး ဦးစားပေးဖြစ် နေပြီး အခွေအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ဖြစ်နေတယ်လို့ ဆို ပါတယ်။

”နန်းဆုက အခုထွက်မယ့် အခွေလေးကို အရင်အခွေထက် ပိုကြိုးစားပြီး လုပ်ဖြစ် နေတယ်။ ကိုယ်တိုင်လည်း ဆရာတွေနဲ့ တိုင်ပင်ပြီး နန်းဆုစိတ် ကြိုက် ဖန်တီးမှုလေးတွေနဲ့ ပေါင်းပြီး ပရိသတ်ကို မြင်စေချင်တယ်။ အစစ အရာရာ ဂရုစိုက်ပြီး လုပ်ဖြစ် နေတယ်။ နန်းဆု အခွေထွက် လာရင်လည်း ပထမ အခွေထက် အသိအမှတ်ပြု တာကိုလည်း လိုချင် ပါတယ်။ ပရိသတ်ရဲ့ အကြိုက်ဆိုတာကိုလည်း စေတနာအပြည့် ထည့်ထားပြီး လုပ်ဖြစ်နေ တယ်။ အားလုံးကလည်း ဝိုင်းဝန်းကူညီပေးတဲ့ အတွက် နန်းဆုအနေနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား ထားပါတယ်” လို့ နန်းဆုရတီစိုးက အခွေ နဲ့ပတ်သက်ပြီး ပြောပါတယ်။

နန်းဆုရတီစိုးက သူ့အနေနဲ့ အဆိုရောသရုပ်ဆောင်ကိုပါတွဲပြီး ပရိသတ်ကို ရိုက်ပြကြောင်း၊ ကိုယ့်ကို အားပေးတဲ့ပ ရိသတ်တွေက ဂီတဘက်မှာရှိသလို သရုပ်ဆောင် ဘက်မှာလည်း ရှိနေမှာပဲဖြစ်ကြောင်း၊ ဂီတဘက်မှာ ပရိသတ်ရှိနေရင်လည်း သူတို့ကို လည်းပစ်ထားလို့မရကြောင်း၊ အဲဒီအတွက် ထိုက်ထိုက်တန်တန်လေး ပေးဆပ်ချင် ကြောင်းပြောပါတယ်။ ”ဂီတရော သရုပ်ဆောင်ကိုပါ ပေါင်းပြီး ချပြနိုင်တဲ့ အခွေလေးတစ်ခွေကို နန်းဆုဖန်တီးကြည့်ချင်တယ်။ နန်းဆုဘဝရဲ့အမှတ်တရမှတ်တိုင်လေး တစ်ခုလည်းဖြစ် တယ်။ ဂီတနဲ့ သရုပ်ဆောင်ကို ပေါင်းစည်းထားတဲ့ အမှတ်တရလေးလည်းဖြစ်တယ်။

ပြီးတော့ ဗီဒီယိုကားတွေ ရုပ်ရှင်တွေဆိုရင်၊ လူအများကြီးနဲ့ အဖွဲ့အစည်းနဲ့လုပ်ရတယ်။ အဆိုကျတော့ ကိုယ်ရဲ့စိတ်ကြိုက်ဖန်တီးမှုနဲ့ စိတ်တိုင်းကျလုပ်ရတာများတယ်။ ဇာတ် ကားမှာကျတော့ ကိုယ်တစ်ယောက်တည်း စွမ်းဆောင်လို့မရဘူး။ အားလုံးစုပေါင်းပြီးမှ ဖန်တီးလို့ရတယ်။ သီချင်းခွေကျတော့ ကိုယ်မှတ်တိုင်အဖြစ် ကိုယ်ရဲ့ အနုပ ညာ တစ်ခုအတွက်ကို နန်းဆုက အမှတ်တရ အနေနဲ့ ဖန်တီးဖြစ်တာပါ” လို့ ဒုတိယတေးစီးရီးနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက ပြောပါတယ်။

By Popular News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...