အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 June, 2013

"ကချင်စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေး မိုးလွန်မှစတင်နိုင်မည်"

ကချင်စစ်ရှောင် ဒုက္ခသည်များ အားနေရပ်သို့ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းကို မိုးတွင်းပြီးမှသာ ဆောင် ရွက်နိုင်မည်ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ဘောက် ဂျာက ပြောသည်။
”အခုမိုးတွင်းထဲမှာ အကုန်လုံး ပြန်ပို့မယ်ဆိုရင်လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ မဖြစ်နိုင်ဘူး”ဟု ၄င်း က ပြောသည်။ ကချင်ပြည်နယ် ရှိဒေသအချို့မှာ မိုးတွင်းကာလရောက်ရှိလာလျှင် သည်း ထန်သည့် မိုးကြောင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲတတ်ကြောင်း၊ ထို့အ ပြင် မြေမြှုပ်မိုင်း အန္တရာယ်လည်းရှိနေ သေးရာ မိုးကာလလွန်ပြီးမှသာ ပြန်ပို့ ရန် စီစဉ်သင့်ကြောင်းလည်းဝန်ကြီးက ထောက်ပြသည်။

ဗန်းမော်၊ ဝိုင်းေ မာ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဆွမ်ပရာဘွမ်အစ ရှိသည် တို့၌ ခိုလုံနေကြသော စစ်ရှောင် ဒုက္ခသည်များအား မိုးကာလ အဆင် ပြေစေရန် ပြည်နယ်အစိုးရနှင့် နိုင်ငံ တကာအန်ဂျီအိုများက ဆောင်ရွက်ပေး နေပြီး ကျောင်းနေအရွယ် ကလေး ၁ဝဝဝဝ ကျော်တို့ကိုလည်း ကျောင်း အပ် ပေးနေကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာ က

”အခုကလေးတွေလည်း ကျောင်း အပ်ပေးပြီးနေပြီဆိုတော့ ခုနေခါ ပြန်ပို့ လိုက်ရင် ကျောင်းက ဟိုပြောင်း၊ ဒီ ပြောင်းနဲ့ လစ်ဟင်းသွားမှာလည်းစိုးရ တယ်” ဟု ပြောသည်။ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ငြိမ်းချမ်းရေးရပြီးေ နာက် မူလနေရပ်သို့ ဒုက္ခသည်တို့ ပြန်ပို့ရေးမှာ မဖြစ်မနေ လုပ်ရမည့် အလုပ်ဖြစ်သည့်အတွက် လျင်မြန်စွာ လုပ်သင့်သော်လည်းပြန် ရောက်လာ သည့်အခါတွင် ဒေသခံတို့ အဆင်သင့် နေထိုင်နိုင်မှုရှိရမည့် အနေ အထားရှိသင့်ကြောင်း ထောက်ပြသည်။

နှစ်နှစ်ကျော်ကြာ၊ နှစ်ဖက်ပစ်ခတ် မှုများအရ ကချင်ပြည်နယ်အတွင်း အစိုးရ ထိန်းချုပ်နယ်မြေ၌ စစ်ရှောင် စခန်း ၁ဝ၅ ခုရှိနေပြီး၊ စစ်ရှောင်ဦးရေမှာ ၄ဝဝဝဝ ကျော်ရှိနေသည်။

မင်းသုအောင်

Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...