ကမ္ဘာကျော် မင်းသမီး အဲလိဇဘက် တေလာ ပထမဆုံး မင်္ဂလာပွဲ ကျင်းပစဉ်က
ဝတ်ဆင်ခဲ့သည့် သတို့သမီး ဝတ်စုံကို ဇွန်လတွင် လေလံတင် ရောင်းချမည်
ဖြစ်ကြောင်း ခရစ်စတီး လေလံတင် ဌာန က မေ ၂၄ ရက်က ပြောကြားခဲ့သည်။ တေလာသည် ၄င်းဝတ်စုံကို ဟိုတယ် ပိုင်ရှင် ကွန်ရက်ဟီလ်တန် နှင့် လက်ထပ် စဉ် ၁၉၅ဝ ခုနှစ်က ဝတ်ဆင်ခဲ့ခြင်းဖြစ် သည်။
၎င်းဝတ်စုံ ဒီဇိုင်းမှာ ရိုးရှင်းပြီး အထက်တန်းလွှာ ပုံစံ ပေါ်လွင်စေပြီး ဒီဇိုင် နာ ဟယ်လင်ရို့စ်က ဖန်တီးပေးထား ခြင်းဖြစ်သည်။ ရို့စ်သည် မိုနာကို မင်း သားနှင့် ဂရေ့စ်ကယ်လီ မင်္ဂလာပွဲ၌လည်း မင်္ဂလာ ဝတ်စုံဖန်တီး တီထွင်ခဲ့သည်။
တေလာအား ၄င်းဝတ်စုံကို MGM ရုပ်ရှင် စတူဒီယိုက လက်ဆောင် ပေးခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းခြေ စတာလင် ပေါင် ငါးသောင်း(အမေရိကန် ဒေါ်လာ ၇၅၃ဝဝ) တန်ဖိုးရှိသည်။
သူမသည် ဟီလ်တန်ကို လက်ထပ် စဉ်က အသက် ၁၈ နှစ်သာ ရှိသော် လည်း ဝါရင့် မင်းသမီး တစ်ဦး အဖြစ် ပရိ သတ် လက်ခံမှု ရရှိနေပြီ ဖြစ်သည်။
တေလာ၏ အသုံးအဆောင် ပစ္စည်းများသည် မိုက်ကယ် ဂျက်ဆင်၏ အသုံးအဆောင် ပစ္စည်းထက်ပင် လေလံ ဈေး ပိုမို ရရှိကြောင်း၊ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလထုတ် ဖော့စ်မဂ္ဂဇင်း ၌ ဖော်ပြခဲ့သည်။ သူမ၏ နေ အိမ် အား ဒေါ်လာသန်း ၂၁ဝ ဖြင့် လေလံတင် ရောင်းချခဲ့ပြီး လက်ဝတ် ရတနာများအား အမေရိကန် ဒေါ်လာ ၁၁၆ သန်းဖြင့် ရောင်းချခဲ့သည်။
Popular Myanmar News Journal