အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

01 June, 2013

မန္တလေးသုဓမ္မာဇရပ် အမည်ပြောင်းမည်

မန္တလေးမြို့တွင် အသစ်ပြန်လည် တည်ဆောက်မည့် ရှေးဟောင်းသမိုင်းဝင် သုဓမ္မာ ဇရပ်တော်ကို သုဓမ္မာသံဃာသဘာဟု အမည်ပြောင်းလဲ ခေါ်ဝေါ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။ ယင်းကဲ့သို့ အမည်ပြောင်းလဲ ခေါ်ဝေါ်ရန် သီတဂူဆရာတော် ဘုရားကြီးက မိန့်ကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံခဲ့ကြောင်း အဆိုပါ ဌာနမှ သိရသည်။ ‘သု’ ဆိုသည်မှာ-မွန်မြတ်ခြင်း၊ ‘ဓမ္မာ’ ဆိုသည်မှာ တရား၊ ‘သံဃာ’ ဆိုသည်မှာ သံဃာတော်များ၊ ‘သဘာ’ ဆိုသည်မှာ အဆောက်အအုံဟု အဓိပ္ပာယ်ရှိကြောင်း၊ သုဓမ္မာ သံဃာသဘာ ဆိုသည်မှာ မွန်မြတ်သည့် တရားတော်များ၊ သံဃာတော်များ စုဝေးသည့် အဆောက်အအုံ နေရာဟု အနက် အဓိပ္ပာယ်ရှိကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။ ရှေးမူမပျက် ပြန်လည်တည်ဆောက်မည့် သုဓမ္မဇရပ် အပါအဝင် သတ္တဌာန သုံးခုကို တစ်ပြိုင်နက် အုတ်မြစ်စီ အခမ်းအနားတစ်ရပ်ကို မေလ ၂၄ ရက်နေ့နံနက် ၈ နာရီ ၂၇ မိနစ်တွင် တစ်ချိန်တည်း ပြုလုပ်ခဲ့ကြောင်း၊ သုဓမ္မာ ဇရပ်တော် အုတ်မြစ်စီ အခမ်းအနားကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဦးဆောင်ကာ အလှူရှင် ဦးကျော်ဝင်းတို့က ပြုလုပ်ခဲ့ကာ ပဋ္ဌာန်းဟော သိမ်တော် အုတ်မြစ်စီ အခမ်းအနားကို ဝါဆိုကျောင်းတိုက် ဆရာတော်ကြီးနှင့် ဆရာတော်ကြီးများက ပြုလုပ်ခဲ့ပြီး ပိဋကတ်တိုက်တော် အုတ်မြစ်စီ အခမ်းအနားကို သီတဂူဆရာတော်ကြီးက ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဌာနမှ ထပ်မံသိရသည်။ သက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန် လပြည့်ကျော် ၆ ရက်နေ့တွင် မင်းတုန်းမင်း တရားကြီးသည် မန္တလေးအရပ်၌ ရတနာပုံမြို့တော်ကြီးကို တည်ရာတွင် ရွှေမြို့တော်ကြီးနှင့် တကွ ခုနစ်ဌာနကို အမြောက်သံကြား အခါတော်နှင့် တစ်ပြိုင်နက် တည်ဆောက်ခဲ့သည်။ သတ္တဌာန ခုနစ်ခုမှာ-နန်းမြို့တော်၊ ကျုံးတော်၊ မဟာလောကမာရဇိန် (ကုသိုလ်တော်) စေတီတော်၊ မဟာအတုလဝေယန်( အတုမရှိ) ကျောင်းတော်၊ သုဓမ္မာ ဇရပ်တော်၊ ပဋ္ဌာန်းဟောရွှေသိမ်တော်၊ ပိဋကတ်တိုက်တော်တို့ဖြစ်ကြောင်း ရှေးဟောင်း သုတေသနဌာနမှ မှတ်တမ်းများအရ သိရကြောင်း ၂၀၁၃ ခုနှစ်ဇွန်လ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...