အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 June, 2013

လက်ပံနဲ့ ဖွေးဖွေး

လက်ပံရုပ်ရှင်ဇာတ်ကားကြီးကို လွန်ခဲ့တဲ့ ၃နှစ်ကျော်က ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီအချိန် ကတက်သစ်စမင်းသမီးတစ်ဦးသာရှိသေးတဲ့ ဖွေးဖွေးက ဝါရင့်သရုပ် ဆောင်ပြေတီဦး၊စိုး မြတ်သူဇာတို့နဲ့အပြိုင် ပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ အဓိကနေရာမှာ သရုပ်ဆောင်ရတဲ့ အတွက် စိတ်ဖိစီးမှုများခဲ့တဲ့အပေါ်ဖွေးဖွေးက "စိတ် ဖိစီးမှုကတွေးကြည့်ရုံနဲ့တင် တော်တော် များ ခဲ့ပါတယ်။ဒါပေမဲ့ ကိုဝိုင်းကလည်း အများကြီး ဖွေးကို သင်ပေးခဲ့တယ်။
ကိုပြေတီဦးတို့၊ မကြီးစိုးတို့ကလည်း စီနီယာပေမယ့် ဖွေးလို အသစ်ကိုတွဲခေါ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း ရိုက် ကွင်းပေါ်ရောက်ရင် စိတ်ဖိ စီးမှုေ တွမများအောင် အိမ် မှာကတည်းကကိုယ့်စိတ် ကိုယ် လျှော့သွားရတယ်။ ဒီဇာတ် ကား မရိုက်ခင်ကိုဝိုင်းနဲ့ဖွေးနဲ့ တစ်လတိတိကြိုတင် ရီဟာ ဇယ်လုပ်ပါတယ်။ ရိုက်ကွင်း ပေါ်ရောက်မှ အမှားအယွင်း တွေ အများကြီးဖြစ်နေမယ့် အစား နည်းနည်းလေး ပဲဖြစ် အောင်ဇာတ်ကားမရိုက်ခင် က တည်းက ရီဟာဇယ်တွေလုပ် ပါတယ်" လို့ပြောပါတယ်။ ဒီ ဇာတ်ကားနဲ့ပတ်သက်ပြီး အမှတ် တရအဖြစ်ဆုံးကတော့ မရိုက်ခင် ရီဟာဇယ်စလုပ်တဲ့ အချိန်ကနေ ဇာတ်ကားရိုက်ပြီးသွားတဲ့ အချိန်နဲ့ အခုရုံမှာတင်တဲ့ အချိန်ထိအမှတ်တရတွေ ပါပဲလို့ ပြောပါတယ်။ ဒီဇာတ်ကားထဲမှာ အငြိုးအတေး ကြီး တဲ့ ကောင်မ လေးအဖြစ် သရုပ် ဆောင် ခဲ့တာဖြစ်တဲ့ အ တွက် ဒီ ဇာတ်ရုပ်နဲ့ပတ် သက် ပြီးဖွေးဖွေးက "သူကအစွန်းရောက်တဲ့ ပုံစံ ဆိုတော့ ဇာတ်ကားရိုက်တဲ့ တောက် လျှောက် မှာလည်း အဲဒီပုံစံနဲ့ပဲနေတယ်။

အဲဒီဇာတ်ကားရိုက်တုန်းကဆိုရင်ရိုက်ကွင်းကို စာ နယ်ဇင်းတွေလာရင် အထင်လွဲသွားတာတွေရှိတယ်။ကောင်မလေးကမျက်နှာကျော တအား တင်းတယ်ဆိုပြီးပြောကြတယ်။အဲဒီတုန်းကကိုယ် က အသစ်ဆိုတော့စီနီ ယာတွေနဲ့ အလုပ် လုပ်နေ ရတဲ့အချိန်မှာအာရုံကို ၂၄နာရီအချိန်ပြည့် စိုက်ထား ရတဲ့ သဘောပေါ့" လို့ ပြောပါတယ်။ ဒီဇာတ်ကား ကိုကြည့်ရှုပြီး သွားတဲ့ အခါမှာတော့ ဖွေးဖွေးအကယ် ဒမီရနိုင်တယ်လို့ ထင်ကြေးပေးကြတဲ့အပေါ်"အဲဒီလိုကြားရတော့ ရင်ထဲမှာအတိုင်း မသိအောင်ဝမ်းသာ ပါတယ်။ဒါကတော့ဖွေးသရုပ်ဆောင်တာကို ကောင်း တယ်ဆိုပြီး အသိအမှတ်ပြုပေး တာနဲ့တင် တအားကို ကျေနပ်နေပါပြီ။ ကျန်တာကတော့စောင့် ကြည့်ရမှာ ပါပဲ" လို့ပြောပါတယ်။ ဖွေးဖွေးကိုမွေးနေ့ရှင် အောင် ရဲလင်းအတွက် ဘာလက်ဆောင်ပေးလဲလို့မေးတော့ "မွေးနေ့မှာ ရိုက်ကွင်းရှိနေေ တာ့ ည ကျမှ သူငယ်ချင်း တွေစုပြီးသွားစားကြမယ်။ မွေးနေ့လက် ဆောင်က Hand-made ပစ္စည်းတစ်ခုခုပေးမှာပါ။ သူ့ကို တော့မပြရသေး ဘူး။အမှတ်တရလည်း ဖြစ် အောင် ကိုယ်ကိုယ်တိုင်အပင်ပန်းခံပြီး လုပ် ထားတဲ့ ပစ္စည်းကိုပေးချင်လို့ပါ" လို့ပြောပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း၊ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...