ဧရာဝတီမြစ်
ဖြတ်သန်း စီးဆင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းမြို့နှင့်
ကျောက်မြောင်းမြို့ အကြားရှိ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးဇုန်သို့
လာရောက် လေ့လာသော နိုင်ငံခြားသားများကို ဝင်ကြေး ကောက်ခံရန်
အစီအစဉ်ရှိကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ထံမှ သိရသည်။
ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးဇုန် သတ်မှတ်ပြီး လာရောက် လေ့လာသော နိုင်ငံခြားသားများကို ဝင်ကြေး ကောက်ခံပြီးနောက် ရရှိသည့် ငွေကြေးများကို ဒေသခံများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း အဆိုပါ အဖွဲ့မှ ထပ်မံသိရသည်။
“ဝင်ကြေး ဘယ်လောက် ကောက်မယ်ဆိုတာ မသတ်မှတ်ရသေးဘူး။ သက်ဆိုင်ရာ ဌာနတွေနဲ့ မေလ ကုန်ကမှ အစည်းအဝေးမှာ ဆွေးနွေးထားတယ်။ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးအတွက် ရွာတွေကို ထောက်ပံ့ပေးမယ်” ဟု သားငှက် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းသို့ ဇုန်သတ်မှတ်ပြီး ဝင်ကြေး ကောက်ခံသင့်ကြောင်း၊ ရရှိလာသည့် ငွေကြေးများကို ဒေသခံများ ဖွံ့ဖြိုး တိုးတက်ရေးတွင် အမှန်တကယ် အသုံးချရန် လိုအပ်ကြောင်း ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ဦးချစ်စန်းဦးက ပြောကြားသည်။
ယခုနောက်ပိုင်း ဧရာဝတီ လင်းပိုင် ကြည့်သည့် ခရီးစဉ်ကို နိုင်ငံခြားသားအချို့ စိတ်ဝင်စားမှုရှိသဖြင့် မကြာခဏ ပို့ပေးရသည့် ခရီးစဉ် ဖြစ်လာကြောင်း ဧည့်လမ်းညွှန် အချို့က ပြောကြားသည်။
ဧရာဝတီမြစ်အတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းမြို့နှင့် ကျောက်မြောင်းမြို့ အကြားတွင် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေအဖြစ် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှ စတင် သတ်မှတ်ခဲ့သည်။
ဧရာဝတီ လင်းပိုင်နှင့် ငါးမျိုးပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့် တရားမဝင် ငါးဖမ်းဆီးခြင်းများနှင့် မြစ် ချောင်းအတွင်း ရွှေတူးဖော်မှုများ ပပျောက်စေရန် ရည်ရွယ်၍ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့မှ ထပ်မံ သိရသည်။
The Voice Weekly
ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးဇုန် သတ်မှတ်ပြီး လာရောက် လေ့လာသော နိုင်ငံခြားသားများကို ဝင်ကြေး ကောက်ခံပြီးနောက် ရရှိသည့် ငွေကြေးများကို ဒေသခံများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း အဆိုပါ အဖွဲ့မှ ထပ်မံသိရသည်။
“ဝင်ကြေး ဘယ်လောက် ကောက်မယ်ဆိုတာ မသတ်မှတ်ရသေးဘူး။ သက်ဆိုင်ရာ ဌာနတွေနဲ့ မေလ ကုန်ကမှ အစည်းအဝေးမှာ ဆွေးနွေးထားတယ်။ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးအတွက် ရွာတွေကို ထောက်ပံ့ပေးမယ်” ဟု သားငှက် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယင်းသို့ ဇုန်သတ်မှတ်ပြီး ဝင်ကြေး ကောက်ခံသင့်ကြောင်း၊ ရရှိလာသည့် ငွေကြေးများကို ဒေသခံများ ဖွံ့ဖြိုး တိုးတက်ရေးတွင် အမှန်တကယ် အသုံးချရန် လိုအပ်ကြောင်း ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ဦးချစ်စန်းဦးက ပြောကြားသည်။
ယခုနောက်ပိုင်း ဧရာဝတီ လင်းပိုင် ကြည့်သည့် ခရီးစဉ်ကို နိုင်ငံခြားသားအချို့ စိတ်ဝင်စားမှုရှိသဖြင့် မကြာခဏ ပို့ပေးရသည့် ခရီးစဉ် ဖြစ်လာကြောင်း ဧည့်လမ်းညွှန် အချို့က ပြောကြားသည်။
ဧရာဝတီမြစ်အတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းမြို့နှင့် ကျောက်မြောင်းမြို့ အကြားတွင် ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး နယ်မြေအဖြစ် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှ စတင် သတ်မှတ်ခဲ့သည်။
ဧရာဝတီ လင်းပိုင်နှင့် ငါးမျိုးပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့် တရားမဝင် ငါးဖမ်းဆီးခြင်းများနှင့် မြစ် ချောင်းအတွင်း ရွှေတူးဖော်မှုများ ပပျောက်စေရန် ရည်ရွယ်၍ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း
The Voice Weekly