ကာတာ စော်ဘွား ရှိခ် ဟာမက် ခါလီဖာ ဘင် အယ်(လ) သာနီ က ကာတာ
နိုင်ငံရဲ့  အကြီးအကဲအဖြစ်က အနားယူ တော့မှာ ဖြစ်ပြီး အသက် ၃၂ အရွယ် ရှိတဲ့ သူ့ ရဲ့ သား ဖြစ်သူ ရှိခ်သာမင်ဘင် ဟာနက် ကို အာဏာလွှဲပြောင်းမယ့်အစီအစဉ်ကို ဒီနေ့  ကာတာ နိုင်ငံမှာ စတင်ကျင်းပပါတယ်။ဗြိတိသျှ နိုင်ငံ ခြား ရေးဝန်ကြီး ၀ီလျှံ ဟိဂ် ကလည်း စော်ဘွား ကြီးရဲ့  သမိုင်း ၀င်ဆုံး ဖြတ်ချက်ကို ကြိုဆို လိုက်သည်။
စော်ဘွား ကြီး၏ စွမ်း ဆောင်မှု ကြောင့် ကာတာ နိုင်ငံသည် နိုင်ငံ တကာ
၏ ရင်းနှီးမြုပ် နှံရာအချက် အချာကျသည့် နေရာသာ ဖြစ်ရုံမက ၂၀၂၂ ခုနှစ် ကမ္ဘာ့ ဖလား ပြိုင်ပွဲအတွက် အိမ်ရှင် နိုင် ငံအဖြစ် ရွေးချယ်ခံရသည်။
အသက် ၆၁ နှစ် အရွယ်ရှိသည့် ကာတာ စော်ဘွား သည် ၁၉၉၅ ခုနှစ်တွင် အာဏာရရှိ ပြီး နောက် ကာတာ နိုင်ငံကို လူမှု ရေး ၊ စီးပွား ရေး ၊ နိုင်ငံရေး
ကိစ္စများတွင် ဒေသတွင်း၌အရေးပါသည့် နိုင်ငံအဖြစ် စွမ်းဆောင်နိုင်ခဲ့သည်။
ဆူဒန် ၊ ဆီးရီးယား ၊ ပါလက်စတိုင်းအရေးများတွင် ကာတာက အိမ်ရှင်
နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည်။ တာလီဘန် ကလည်း အမေရိကန် နှင့်
ဆွေးနွေးရန်အတွက် ကာတာကို အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်ထားသည်။
၎င်းလက်ထက်တွင် ကာတာ၏ စီးပွား ရေး နှင့် ပညာရေးကဏ္ဍတွင် တိုး
တက်မှုများရှိခဲ့သည်။
အာဏာဆက်ခံမည့် သာမင် ဘင်ဟာနက်သည် ၂၀၀၃ ခုနှစ်တွင် အိမ်ရှေ့ 
မင်းသားအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
ကာတာ စော်ဘွားသည် လစ်ဗျား လူထုအုံကြွမှု ၊ အီဂျစ် တော်လှန် ရေး နှင့်
ဆီးရီးယား လွတ်မြောက် ရေးတို့ တွင် အာဏာရှင် ဆန့် ကျင်သည့်ပြည်သူ
များဘက်မှ ရပ်တည်ပံ့ပိုးခဲ့သည်။
Freedom News Group(Burma)
နိုင်ငံရဲ့  အကြီးအကဲအဖြစ်က အနားယူ တော့မှာ ဖြစ်ပြီး အသက် ၃၂ အရွယ် ရှိတဲ့ သူ့ ရဲ့ သား ဖြစ်သူ ရှိခ်သာမင်ဘင် ဟာနက် ကို အာဏာလွှဲပြောင်းမယ့်အစီအစဉ်က