အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 June, 2013

မလိုဘဲ မသုံးရန်နှင့် လျှပ်စစ်မီး ခိုးမသုံးကြရန် မန်းတိုင်းလျှပ်စစ်ဝန်ကြီး သတိပေး

မန္တလေးမြို့တွင် မလိုအပ်ပဲ လျှပ်စစ်မီးသုံးစွဲမှု၊ လျှပ်စစ်မီးခိုးသုံးမှုများကြောင့် လျှပ်စစ်ဓာတ်အားများမှာ မနိုင်ဝန် ထမ်းနေရသည့်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်မီးကို တိုက်ရိုက်ဖြတ်တောက်နေရခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီးလျှပ်စစ်နှင့်စက်မှုရေးရာဝန်ကြီးဌာနက သိရသည်။  မြို့တွင်း၌ မလိုအပ်ပဲ လျှပ်စစ်ဓာတ်အားများကို အသုံးပြုနေခြင်း၊ လျှပ်စစ်ဓာတ်အားများကို တရားဝင်မီးတာ တပ်ဆင် ထားခြင်းမရှိပဲ ခိုးယူသုံးစွဲနေခြင်းစသည့်အချက်များကြောင့် လျှပ်စစ်ဓာတ်အားမှာ မနိုင်ဝန်(overload) များ ဖြစ်ပေါ်ကာလျှပ်စစ်မီးများ ပြတ်တောက်နေရခြင်းဖြစ်သည်ဟု သိရသည်။

`လျှပ်စစ်ဓာတ်အားကို ၂၄နာရီ ပေးမယ်လို့၊ ပြောထားပေမယ့် မလိုအပ်ပဲ သုံးစွဲမှုတွေ၊ ခိုးသုံးတာတွေကြောင့် အသုံးများလာရင်တော့ ပျက်မယ်´ဟု တိုင်းဒေသကြီးလျှပ်စစ်နှင့်စက်မှုရေးရာဝန်ကြီး ဒေါက်တာမြင့်ကြူကပြော သည်။

ထို့ကြောင့်လျှပ်စစ်ဓာတ်အားနှင့်ပက်သက်သော တရားဝင်သုံးစွဲခြင်း၊ သတ်မှတ်စံနှုန်းထက် ပိုသုံးနေခြင်းတို့ကို တိုင်ကြားရန် လိုအပ်ကြောင်း၊ တိုက်ရိုက်တိုင်ကြားရာတွင် တိကျခိုင်မာစွာဖြင့် တိုင်ကြားလျှင် ချက်ခြင်းအရေး ယူ ဆောင်ရွက်ခြင်း၊ ဒဏ်ရိုက်ခြင်းများအား ပြုလုပ်သွားမည်ဟု သိရသည်။

`မန္တလေးမြို့ကို ၂၄နာရီလျှပ်စစ်ဓာတ်အားပေးနေပေမယ့် မြို့တွင်းမှာ ခိုးမသုံးဖို့ကြဖို့လိုအပ်ပါတယ်၊ ခိုသုံးရင် လျှပ်စစ်ဓာတ်အားမနိုင်ဝန်တွေဖြစ်ပေါ်ပြီး ရန်ကုန်က တိုက်ရိုက်ပိတ်ပါတယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ ခိုသုံးတာ တွေ့ရင်တိုင်ကြားဖို့လိုတယ်´ဟု ၎င်းက ဆက်ပြောသည်။

သို့သော်လည်း ရေအားလျှပ်စစ်ပေးဝေရန်အတွက်လည်း ရေမှာလုံလောက်စွာရှိသဖြင့် ရေအားလျှပ်စစ်ထုတ် ဝေခြင်းအတွက် ပထမစက်တစ်လုံးမှ နှစ်လုံးသို့ မောင်းနှင်လျက်ရှိကြောင်း၊ ညပိုင်းအချိန်တွင် စက်သုံးလုံးအထိ မောင်းနှင်ကာ လျှပ်စစ်မီးများကို ဖြန့်ဖြူးပေးလျက် ရှိကြောင်းကိုလည်း သိရသည်။

လက်ရှိမန္တလေးစက်မှုဇုံလျှပ်စစ်ဓာတ်အားပေးဝေမှုများမှာ လုပ်ငန်းသုံးစွဲချိန်အဖြစ် နှစ်ချိန်ခွဲခြားထားရှိကြောင်း နံနက် ၇နာရီမှ ၁၂နာရီအထိ တစ်အုပ်စု၊ နေ့လည်၁၂နာရီမှ ၅နာရီအထိ နှစ်အုပ်စု သတ်မှတ်ထားရှိကြောင်း၊ ကျန်အချိန်များဖြစ်သည် ညနေ၅နာရီမှ နံနက်၅နာရီအထိအား လုပ်ငန်းသုံးစွဲခွင့်မပြုပဲ လျှပ်စစ်ဓာတ်အားများကို ပေးဝေထားကြောင်း၊ မန္တလေးမြို့တွင်း၌ ၂၄နာရီလျှပ်စစ် မီးပေးလျက်ရှိကြောင်းကိုလည်း သိရသည်။

မြန်မာနိုင်ငံ၌ ရန်ကုန်-မန္တလေးမြို့ကြီးများ၏ လျှပ်စစ်မီး သုံးစွဲမှုနှုန်းမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အရရာနှုန်းထက်ဝက်ကျော်ရှိသည်။မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လက်ရှိအချိန်တွင် လျှပ်စစ်အမြင့်ဆုံးသုံးစွဲနိုင်စွမ်း ၁၇၀၀ မက်ဂါဝပ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ချက်စာရင်းများအရသိရသည်။

http://myitmakhamediagroup.com/detail.php?newid=4985

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...