ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ်လျှော့ချတုန့် ပြန်နိုင်ရေးအပါအ၀င် ဒေသခံများ အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်ရေး ဒီရေတောများ စိုက်ပျိုးသွားမည်ဟု သိရသည်။
အဆိုပါ ဒီရေတောစိုက်ပျိုးမှုကို တရုတ်-မြန်မာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအစီအစဉ်ဖြင့် ဒီရေတောဧက (၄၀၀) ကျော်ကို ၂၀၁၃ ခုနှစ် မိုးရာသီ (ဇူလိုင်လ)အတွင်း စိုက်ပျိုးသွားမည်ဖြစ်သည်။
"ဒီမှာရှိတဲ့ ကျေးရွာတွေကို ဒီရေတောစိုက်ပျိုးနိုင်ဖို့ မြေလည်း စမ်းသပ်ရွေးချယ်ထားပြီးပြီ။
ဇူလိုင်လဆန်းလောက်မှာ စတင်အကောင်အထည်ဖော် စိုက်ပျိုးနိုင်အောင်
အစီအစဉ်ချထားပြီးတယ်"ဟု ကျောက်ဖြူမြို့ ဒီရေတော ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသ င်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျောက်ဖြူဒေသခံများအနေဖြင့် ရေနံနှင့် ဘသာဝဓာတ်ငွေ့ စီမံကိန်းသည် ဒေသတွင်း ပတ်ဝန်းကျင် ထိခိုက်မှုနှင့် အခြားထိခိုက်မှုများရှိနေခြင်းကြောင့်
အဆိုပါ စီမံကိန်းအပေါ် ဝေဖန်မှုများ ရှိခဲ့သည့်အတွက် စာသင်ကျောင်းများ
ဆောက်လုပ်ပေးခြင်း၊ ယခုအခါ ဒီရေတောစီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်သည်
ဟု ဒေသခံတို့က ဆိုသည်။
"ဒီနယ်က သဃံဇာတတွေတော့ ယူတတ်တယ်။ ဒေသဖွံ့ဖြိုးဖို့တော့ မလုပ်ပေးဘူး။ ဒီရေတောဆိုတာကလည်း ပမာဏမမျှလောက်ဘူးထင်တယ်။ နည်းနည်းပဲ အကျိုးရှိလောက်မယ် ထင်တယ်"ဟု ကျောက်ဖြူမြို့မှ ဒေသခံ တစ်ဦးက အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ ၄င်း၏အမြင်ကိုပြောသည်။
ဒီရေတောစိုက်ပျိုးရန် စိုက်ကွင်းတစ်ဧကလျှင် အပင်ရေ ၁၂၀၀ စိုက်ပျိုးရမည်ဖြစ်ပြီး တစ်ဧကစိုက်ပျိုးရန် အတွက် ငွေကျပ်(၉၆၀၀၀) သတ်မှတ်ကာ ကျေးရွာတောင်သူများထံ ထုတ်ပေးသွားမည်ဟု ကျောက်ဖြူမြို့ ဒီရေတော ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသ င်းက သိရှိရသည်။
ရေနံနှင့် ဘသာဝဓာတ်ငွေ့စီမံကိန်းမှာ ပိုက်လိုင်းသွယ်တန်းမှုပြီးစီး၍ ဓါတ်ငွေအစမ်းပို့လွှတ်မှု စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း ရွှေဂတ်စ်စီမံကိန်းမှတာဝန်ရှိသူတစ်ဦးက ဆိုထားသည်။
http:// myitmakhamediagroup.com/ detail.php?newid=4983
အဆိုပါ ဒီရေတောစိုက်ပျိုးမှုကို တရုတ်-မြန်မာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအစ
"ဒီမှာရှိတဲ့ ကျေးရွာတွေကို ဒီရေတောစိုက်ပျိုးနိုင်ဖို့
ကျောက်ဖြူဒေသခံများအနေဖြင့်
"ဒီနယ်က သဃံဇာတတွေတော့ ယူတတ်တယ်။ ဒေသဖွံ့ဖြိုးဖို့တော့ မလုပ်ပေးဘူး။ ဒီရေတောဆိုတာကလည်း ပမာဏမမျှလောက်ဘူးထင်တယ်။ နည်းနည်းပဲ အကျိုးရှိလောက်မယ် ထင်တယ်"ဟု ကျောက်ဖြူမြို့မှ ဒေသခံ တစ်ဦးက အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ ၄င်း၏အမြင်ကိုပြောသည်။
ဒီရေတောစိုက်ပျိုးရန် စိုက်ကွင်းတစ်ဧကလျှင် အပင်ရေ ၁၂၀၀ စိုက်ပျိုးရမည်ဖြစ်ပြီး တစ်ဧကစိုက်ပျိုးရန် အတွက် ငွေကျပ်(၉၆၀၀၀) သတ်မှတ်ကာ ကျေးရွာတောင်သူများထံ ထုတ်ပေးသွားမည်ဟု ကျောက်ဖြူမြို့ ဒီရေတော ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသ
ရေနံနှင့် ဘသာဝဓာတ်ငွေ့စီမံကိန်းမှာ ပိုက်လိုင်းသွယ်တန်းမှုပြီးစ
http://