အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 June, 2013

မခုန်ပဲ လမ်းလျှောက်သော ဖားပညာရှိ သို့မဟုတ် မျောက်ဖား

Monkey Leaf Frog လို့ခေါ်တဲ့ သစ်ပင်ပေါ်နေ ဖားတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ ဈေးကြီး အိမ်မွေး တိရစ္ဆာန်စာရင်းထဲမှာလည်း ပါရှိပါတယ်။ပုံစံကလည်း တကယ့် ပညာရှိပုံအတိုင်းပါပဲ။ မျက်လုံးနဲ့ ကိုယ်ဟန် နေထိုင် သွားလာပုံက အလွန်တည်ငြိမ် ပါတယ်။ နေ့ဘက်တွေ မှာ နေပူစာလုံ လို့ အေးအေးဆေးဆေး နေတတ်ပြီး ညဘက်မှာ အင်းဆက် အစာရှာထွက် တတ်တဲ့ ဖား ဖြစ်ပါတယ်။ ရာသီတစ်ခုလုံး မြေအောက် မဆင်းပဲ သစ်ပင်ပေါ် မှာပဲ နေထိုင်နိုင်လောက်အောင် လည်း ထူးခြားတဲ့ ဖား ဖြစ်ပါတယ်။

Waxy Monkey Leaf Frog လို့လည်း ခေါ်ပါတယ်။ အရွယ်အစား သေး ပါတယ်။ ၂ လက်မနဲ့ ၃ လက်မ အတောအတွင်းသာ ရှိပြီး အမတွေက အထီးထက် ၂၅ ရာခိုင်နှုန်း ပိုကြီးတတ်ပါတယ်။ တစ်ကမ္ဘာလုံးမှာမှ တောင် အမေရိကနဲ့ အမေရိကတိုက် အလယ်ပိုင်းတွေမှာပဲ မြင်တွေ့ရတဲ့ ဖားမျိုးစိတ် ဖြစ်ပြီး ရှားပါးဖားထဲမှာ ပါဝင် ပါတယ်။

ခုန်တတ်ပေမယ့် လမ်းလျှောက်ပြီး သွားတဲ့ အကျင့် ပိုရှိတဲ့အတွက် Monkey Frog လို့ အမည်ပေးထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းကနေ လို့ Monkey Leaf Frog ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဝယ်ယူ မွေးလေ့ ရှိကြောင်း သိရပါတယ်။

International news for myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...