အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 June, 2013

ရန်ကုန်မြို့ ရှိ ရှေးဟောင်း ပစ္စည်းဆိုင်များ အရောင်းအဝယ် ပိုကောင်းလာ

ယခုနှစ် အတွင်း၌ မြန်မာ နိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ လာရောက် လည်ပတ်မှု ပမာဏသည်သိသိသာသာ တိုးတက်များပြား လာသည်နှင့် အမျှ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အပေါ် မှီခိုအားထား နေကြရသော လုပ်ငန်းများထဲတွင် တစ်ခုဖြစ်သည့်ရှေးဟောင်း ပစ္စည်းများ ရောင်းသည့်ဆိုင်တွင် နိုင်ငံခြားသားများ ပိုမို လာရောက်ကာ ဝယ်ယူအားပေးသောကြောင့် အရောင်းအဝယ် ပိုကောင်းလာကြောင်း သိရသည်။ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ၊ညောင်ဦး စသည့် မြို့များရှိ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် များသို့ နိုင်ငံခြားသားများ ဝင်ထွက်လည်ပတ်မှု အများဆုံး ဖြစ်ကြောင်းသိရသည်။၎င်းမြို့များအနက်မှ ရန်ကုန်မြို့ရှိ
ရှေးဟောင်း ပစ္စည်း ရောင်းသော ဆိုင်ကြီးများတွင် သာမက လမ်းဘေး ဆိုင်လေးများ၌ပါ ရှေးဟောင်း ပစ္စည်းများကို နိုင်ငံခြားသား ဝင်ရောက် ၀ယ်ယူအားပေးမှု ပိုမိုများပြားလာသောကြောင့် ယခုအခါနိုင်ငံခြားသားများ အသွားအလာများသော နေရာတို့တွင် ရှေးဟောင်း ပစ္စည်း လမ်းဘေး အရောင်းဆိုင်လေးများ ပိုမို ဖွင့်လာကြကာ အရောင်းအဝယ်များ ပြုလုပ် လာကြသည်။

အဝယ်များသော ရှေးဟောင်း ပစ္စည်းများမှာ ကင်မရာ၊ တယ်လီဖုန်း၊ မှန်ဘီလူး၊ ခေါင်းလောင်း၊ရေနွေးခရား၊ မျက်မှန်၊ ဒင်္ဂါးပြားများနှင့် ပိုက်ဆံအဟောင်းများ စသည်တို့ ဖြစ်ကြသည်။ နိုင်ငံခြားသားတို့ အလည်လာများသော ဆောင်းတွင်းပိုင်းတွင်သာမက တစ်နှစ်ပတ်လုံး နီးပါးတွင် အရောင်းအဝယ်ရှိကြောင်း ဗိုလ်ချုပ် အောင်ဆန်းဈေးရှိ
ရှေးဟောင်းပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှ ပိုင်ရှင်ဖြစ်သူက ပြောကြား
ခဲ့သည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...